ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်တစ်လျှောက်မှာ ဇန်နဝါရီလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ဗိုလ်ကြီးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီတိုက်ပွဲတွေကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ ပိတ်ဆို့ဖမ်းဆီးရာမှာ ခြေမြန်တပ်ရင်း ခမရ ၁၁၃ က ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ဗိုလ်ကြီးနှစ်ဦး၊ အရာခံဗိုလ်တစ်ဦး အပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၁၉ ရက်နေ့က ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းမှာ ပဒါန်းဘက်ကလာတဲ့ အင်အား တစ်ရာပါတဲ့ စစ်ကောင်စီကားလေးစီးကို PRA-Magway က ကြားဖြတ်တိုက်ခိုက်ရာမှာ ကားတစ်စီးပျက်စီးခဲ့သလို့ ငါးဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၇ ရက်နေ့က ငဖဲမြို့နယ် ဂုတ်ကြီးရွာကနေ ခွန်ဇူရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အားသုံးဆယ်ပါ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed