ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ရွာအခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (၅၃၉) တပ်ဖွဲ့ဝင်များ ယနေ့ (ဇန်နဝါရီ ၁၆) တွင် ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချလိုက်ကြသည်ဟု ဒေသတွင်းသတင်းဌာနများနှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါ ခမရ-၅၃၉ တပ်ရင်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမဘေး၊ ကန်စောက်တောင်ခြေရင်းတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် ယနေ့ည ၇ နာရီခန့်က တွေ့ရသည့် ရုပ်သံဗီဒီယိုထဲတွင် စစ်သားအများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များကို AA တပ်ဖွဲ့ဝင်များ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

ထိုစခန်းကို AA က ယမန်နေ့ (ဇန်နဝါရီ ၁၅) တွင် စတင်တိုက်ခိုက်သည်ဟု ကန်စောက်ရွာသားတစ်ဦးကပြောဆိုသည်။ AA စစ် ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်သားများ အသာတကြည်လက်နက်ချကြရန် ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့က ရေးသားထားသည်။ AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed