ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား၂၀ ပါဝင် စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်း မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား၂၀ ဦးနီးပါး ပါဝင် စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်ဆန်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်းဦး စီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း၊ အဆိုပါ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ အားလုံး သေဆုံး ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်း မကျဆုံးစေရေး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ချထားပေးသော စစ်ကူ အင်အား ၇၀ အနက်မှ ၂၅ ဦးမှာလည်း TNLA နှင့်တိုက်ပွဲအတွင်း သေဆုံးပြီး ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

TNLA၏ ထုတ်ပြန်ချက်အရ ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် နမ့်ဆန်မြို့အတွင်း စစ်ကောင်စီတပ်မှ ATR-42 လေယာဉ်ဖြင့် (၅)ကြိမ်၊ Jet Fighterဖြင့် (၁၅)ကြိမ်၊ Mi35ဖြင့် (၁၀)ကြိမ်၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု၊ ပြည်သူလူထုနေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း TNLAက အသိပေးသည်။

TNLAသည် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၀ရက်က စတင်ခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၁၅ရက်)အထိ နမ့်ဆန်မြို့ ဗျူဟာစခန်းကုန်းအပါအဝင် တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ကာ မြို့ကို သိမ်းပိုက်ရရှိခဲ့ပြီဟု TNLA ခေါင်းဆောင်တစ်ဦးက အတည်ပြုထားသည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းပြည်နယ်အတွင်း စခန်းပေါင်း (၆၀)ကျော် သိမ်းဆီးရရှိထားကြောင်း အသိပေးထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed