ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ တက္ကနိုင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ခလရ(၁၂၃) တပ်ရင်း အထိုင်စခန်းဖြစ်သည့် အဆိုပါတပ်စခန်းကို နိုဝင်ဘာ ၁၂ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

“မနေ့က ၁၃ရက်နေ့ ၁၂နာရီခွဲမှာ စခန်းကို အပြီးတက်သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီ ၂၀ကျော်သေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး ၊ စက်သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၂၀ကျော်နှင့် ခဲယမ်း၊ ကျည်အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။ အဆိုပါ တာမိုးညဲဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၉)နယ်မြေဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed