ချင်းပြည်နယ် ၊ မတူပီမြို့နယ် ပလက်ဝ – မတူပီလမ်းမပေါ်တွင် အထိုင်ချထားတဲ့ ထေဘွေး စစ်ကောင်စီတပ်ခွဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ လက်နက်ကြီး ကျည်ဆံ ၊ လက်နက်ငယ်ကျည်ဆံနဲ့ဆက်စပ် ပစ္စည်း အများအပြား သိမ်းဆည်းရမိ ခဲ့ တယ်လို့သိရပါတယ်။

အဆိုပါတပ်စခန်းသိမ်းပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်တပ်)မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး စကစဘက်မှ ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိကြောင်းသိရသည်။ စခန်းကို စွန့်ခွာ၍ အကုန်ထွက်ပြေးသွားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က လိုက်လံဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။

“အပြန်အလှန်ပစ်ခတ်မှုမှာ CDF (မင်းတပ်)ရဲဘော်က ကျဆုံးသွားပြီး ရဲဘော်တစ်ယောက်လည်း ဒဏ်ရာရပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ပြောခွင်ရဆလိုင်းဂျွမ်ကိမ်းက ပြောကြားသည်။ ထေဘွေး စခန်းမှ စခန်းစွန့်၍ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေရင်း တိုက်ပွဲဖြစ်ပွားကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးသွားကြောင်း စကစဘက်မှ ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိပြီးသိရသည်။

“မတူပီအခြေစိုက် ၃၀၄ တပ်ရင်းက စစ်ကူလာတဲ့ တပ်ဖွဲနဲ့ ထေဘွေးစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကြားညပ်တိုက်ခိုက်မှုကြောင့် တပ်ရင်း ၄ ရဲ့ ရဲဘော်နှစ်ဦးကျဆုံးသွားပါတယ်။ နောက်ထပ်ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေတဲ့အတွက် အခုရှာဖွေနေဆဲပါပဲ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ရဲဘော်တစ်ဦးက ပြောသည်။

မတူပီမြို့နယ်၊ ထေဘွေးစခန်းသိမ်းစဥ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မတူပီမြို့နယ်၊ ဗန်ကိုင်းကျေးရွာမှ ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed