September 12, 2023 | Tongsan Media Group ||

လစ်ဗျားမှာ ‌‌ဖျက်အားပြင်းမုန်တိုင်း ဒန်နီရယ်တိုက်ခတ်ခံရပြီးတဲ့နောက် ဆိုးရွားတဲ့ရေကြီးမှုတွေကြုံနေရပြီး လူ ၂,၀၀၀ ကျော်သေဆုံးထားသလို ထောင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ တယ်လို့ လစ်ဗျားအရှေ့ပိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ တနင်္ဂနွေနေ့မှာကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး လစ်ဗျား အထူးကျွမ်းကျင်သူဂျယ်လ် ဟာချာအိုကလည်း သေဆုံးသူအရေအတွက် ထောင်နဲ့ချီရှိလာတယ်လို့ ဘီဘီစီကိုပြောပါတယ်။

လစ်ဗျားစစ်တပ်က တပ်ဖွဲ့ဝင် ခုနှစ်ဦးလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေချိန်အတွင်း ပျောက်ဆုံးသွားခဲ့သလို လက်ရှိမှာ လစ်ဗျားအရှေ့ပိုင်း‌ဒေသတွေမှာ ကျောင်းတွေ ၊ စျေးဆိုင်တွေပိတ်ထားဖို့ နဲ့ ညမထွက်ရအမိန့် တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ လစ်ဗျားမှာရှိတဲ့ နိုင်ငံတကာကြက်ခြေနီနဲ့လခြမ်းနီ အကူအညီပေးရေးအဖွဲ့ကတော့ ဒါနာမြို့တစ်ခုတည်းမှာတင် သေဆုံးမှု ၁၅၀ ထက်မနည်းရှိတယ်လို့ နေအိမ်ရာနဲ့ချီပျက်စီးသွားတယ်လို့ပြောထားတယ်ဆိုပြီး ရိုက်တာသတင်းဌာနဖော်ပြပါတယ်။

လူ တစ်သိန်းကျော် နေထိုင်တဲ့ဒါနာမြို့မှာ ဆည်နှစ်ခု ပြိုကျခဲ့ပြီး မြို့ရဲ့ ဧရိယာအများစုရေနစ်မြှုပ်ထားသလို ရေနစ်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဝန်ကြီးချုပ် အိုစမာဟာမက်ကတော့ “ပျောက်ဆုံးနေသူတွေဟာ ထောင်နဲ့ချီပြီး သေဆုံးသူ ၂၀၀၀ ကျော်သွားပြီ။ ဒါနာမြို့မှာရှိတဲ့ ရပ်ကွက်တွေ အားလုံး ရေအောက်ရောက်ကုန်ပါပြီ”လို့ပြောပါတယ်။

Source: VOA

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed