အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ လမ်ကားမြို့တွင် ဒီဇင်ဘာ၂၀ ရက်နေ့ မွန်လွဲပိုင်း၂နာရီခန့်တွင် လူမျိုးရေးပဋိပက္ခအတွင်းသေဆုံးတဲ့ ကူကီး-ဇိုမီး သူရဲ ကောင်း ရုပ်ကလပ် ၈၇ လောင်းကိုဂုဏ်ပြုအခမ်းအနားဖြင့်သဂြိုလ်ခဲ့ကြ တယ်လို့သိရတယ်။

အဆိုပါကူကီး-ဇိုမီး သူရဲကောင်းများဟာ လမ်ကားမြို့ဆေးရုံတွင်ထားရှိထားတဲ့ အလောာင်း ၄၆ လောင်းနဲ့ အင်ဖားမြို့ JNMSနဲ့ RIMS morgue မှ မဏိပူရ်အာဏာပိုင်တို့မှ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ရဟတ်ယာဉ် ဖြင့်ပို့ဆောင်ထားတဲ့ အလောင်း ၄၁ လောင်းစုစုပေါင်း အလောင်း ၈၇ ကိုအခမ်းအနားဖြင့် ဂုဏ်ပြုသဂြိုလ်ခဲ့ကြတယ်လို့သိရတယ်။ ယခုလိုကူကီး-ဇိုမီး လူမျိုးသေဆုံးသွားတဲ့ သူရဲကောင်းများသဂြိုလ်ခြင်းအခမ်းအနားဟာ ကူကီး-ဇိုမီးသမိုင်းတွင်အများဆုံးဖြစ်တယ်။

မဏိပူရ်ပြည်တွင်မေလ ၃ ရက်နေ့မှစတင်ခဲ့သောကသည်းနဲ့ ကူကီး-ဇိုမီးလူမျိုးအရေးခင်းကြောင့်သတ်ဖြတ်ခံရတဲ့ ကူကီး-ဇိုမီးလူမျိုးများဟာ ၁၁၇ ဦးထိရှိပါတယ်။ သူရဲကောင်းအလလောင်း ၁၀၆ ဦးကိုတော့ အခမ်းအနားဖြင့် ဂုဏ်ပြုမှတ်တမ်းတင်သဂြိုလ်နိုင်ခဲ့ကြရာ ကျန်တဲ့ အလောင်း ၁၁ လောင်းကတော့ ယနေ့ထိပျောက်ဆုံးနေဆဲဖြစ်တယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed