ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့်ချပေးသည့် ခဲယမ်းနှင့် ဆေးဝါးများကို သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ ယခင်ကလည်း လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ချပေးသည့် ခဲယမ်းများကို TNLAက သိမ်းပိုက်ရရှိခဲ့ဖူးပြီး ယခုထပ်မံ ရရှိခြင်းဖြစ်သည်။

ယနေ့တွင် စစ်ကောင်စီက လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းသို့ ထပ်မံ၍ ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ချပေးရာ ဆေးဝါးနှင့်ခဲယမ်းသေတ္တာ ၁၃ခု ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ TNLA သည် ယနေ့ နံနက်တွင် နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း အသိပေးသည်။ နံနက် ၁၀နာရီ ၅၀ မိနစ်တွင် တာကွန့်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ရမရနှင့် စစ်ကောင်စီတပ်သေဆုံးထိခိုက် အခြေအနေကို ဖော်ပြမထားပေ။

ထို့ပြင် မူဆယ်မြို့နယ် ကျင်စန့်ကျော့လမ်းခွဲ၌ ယနေ့ နေ့လယ်ပိုင်းက TNLAနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။ TNLAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်း ၃၇ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed