လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ နှစ်နိုင်ငံ ပူးပေါင်းလုပ်သွားဖို့ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနဲ့ သဘောတူညီမှုရခဲ့ကြောင်း အီရန်အစိုးရက ဇန္နဝါရီ ၂၀ မှာ သတင်းထုတ်ပြန်ပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အီရန် သမ္မတရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန် ဟာဆန် ကာဇမီ နဲ့ တာလီဘန် တရားရေးကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီမှုရခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ သဘောတူညီခဲ့သလို လူ့အခွင့်အရေး ကာကွယ်ရေးအတွက် ပူးတွဲ တရားရေး ကော်မတီတွေ ဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို အီရန်သမ္မတရဲ့အထူးသံတမန်နဲ့အတူ အီရန် တရားရေး ကောင်စီ အကြီးအကဲနဲ့ ရှေ့နေချုပ် တက်ရောက်ပြီး အာဖဂန်နစ္စတန်ဘက်က တာလီဘန် ယာယီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်တယ်ဆိုပါတယ်။

အီရန်နဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ် ဗုံးကြဲ တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်သွားအောင် တာလီဘန်တွေက ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး အီရန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကဘူးလ် မြို့တော်ကို ရောက်ရှိလာတာလို့ အာဖဂန်နစ္စတန် အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed