ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ စင်ကာပူနိုင်ငံကို ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းဟာ ပြင်းထန်တဲ့ လေထုဖိအားပြောင်းလဲမှုနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးသေဆုံးပြီး ခရီးသည်အများအပြား ဒဏ်ရာရခဲ့တယ်လို့ စင်ကာပူလေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။

ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၈ ဦးတင်ဆောင်ထားတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင် Boeing 777-300ER လေယာဉ်ဟာ ပြင်းထန်တဲ့ လေထုဖိအားပြောင်းလဲမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် မေလ ၂၁ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ခရီးသည် ၃၀ ဦးကို ဆေးရုံတင်ကုသထားပြီး ကျန်ရှိတဲ့ ခရီးသည်တွေကိုလည်း စစ်ဆေးကုသပေးနေသလို သေဆုံးသွားတဲ့ခရီးသည်အတွက် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်းကိုလည်း စင်ကာပူလေကြောင်းလိုင်းက ပြောထားပါတယ်။

စင်ကာပူလေကြောင်းလိုင်းပါ ခရီးသည်တွေကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ ဆေးစစ်ဆေးကုသပေးနေတယ်လို့လည်း ထိုင်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။ လေယာဥ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်မှုအတွက် ထိုင်းနိုင်ငံ အာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်နေပြီး အကူအညီပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူလေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။

The interior of Singapore Airline flight SQ321 is pictured after an emergency landing at Bangkok’s Suvarnabhumi International Airport, Thailand, May 21, 2024. REUTERS/Stringer REFILE – CORRECTING FLIGHT NUMBER FROM “SG321” TO “SQ321\

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed