ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ၁၀ရက်) နံ နက် ၄နာရီခန့်မှစတင်ကာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KNDFစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မနက် ၄နာရီလောက်ကဝင်တိုက်တာပါ။ မနက် ၉နာရီ ၁၅မိနစ်ဝန်းကျင်မှာ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာပါ” ဟု ၎င်းက ပြောသည်။ KNDF တပ်ခွဲမှူးတစ်ဦးကလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ “ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းနိုင်တာဟုတ်ပါတယ်။ ကျန်တာတော့ ဗဟိုက သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု၎င်းကပြောသည်။

တော်လှန်ရေးရဲဘော်အချို့သည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထဲရှိ မော်တော်ပီကယ် ဆိုင်ကယ် (ရှေ့ပြေးယာဉ်)များပေါ် တက်ကာ အမှတ်တရဓာတ်ပုံရိုက်၍ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားကြကြောင်း တွေ့ရသည်။ ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ လွိုင်ကော်မြို့ရှိ လွိုင်ကော်တောင်ဈေး မီးလောင် ပြာကျသွားခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed