အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဩဂုတ် ၂၄ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲ ဂျော်ဂျီယာမဲဆန္ဒနယ်မှာ မဲရှုံးတာကို အဖြေပြောင်းလဲဖို့ ဖိအားပေးစေခိုင်းတယ်ဆိုတဲ့စွဲချက်ကြောင့် အတ္တလန္တာထောင်ထဲမှာ မိနစ် ၂၀ ကြာ ထောင်သားဖြစ်ခဲ့ရပါတယ်။

ဖယ်လ်တန်ကောင်တီအကျဉ်းထောင် မှတ်တမ်းမှာ ထရမ့်ကို ထောင်သားမှတ်တမ်းအဖြစ် ကင်မရာကို စိုက်ကြည့်ခိုင်းတဲ့ ရာဇဝတ်သားဓာတ်ပုံရိုက်စေပြီး ထောင်သားနံပါတ် P01135809 ပေးခဲ့တဲ့မှတ်တမ်း ပေါက်ကြားထွက်ပေါ် ခဲ့ရာက ဒီဖြစ်စဉ်ကို သိရှိရတာဖြစ်ပါတယ်။ ထောင်ထဲမှာ မိနစ် ၂၀ နေခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ဟာ သူနေထိုင်ရာ နယူးဂျာစီဂေါက်ကလပ်ကို အတ္တလန္တာ ဟတ်စ်ဖီးလ်ဂျက်ဆင်လေဆိပ်ကနေ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။

အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး လာမယ့် ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထပ်ရွေးကောက်ခံဦးမယ်လို့ ကြေညာထားတဲ့ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတသမိုင်းမှာ ပထမဆုံး ရာဇဝတ်မှုနဲ့ရုံတင်စစ်ဆေးခံရသူ ဖြစ်ခဲ့သလို အခုလည်း ဂျော်ဂျီယာရွေးကောက်ပွဲ မဲရလဒ်အဖြေပြောင်းဖို့ အစိုးရမဲရုံတာဝန်ရှိဝန်ထမ်းတွေကို ဖိအားပေးမဲလိမ်ဖို့၊ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တွေမဲနည်းအောင် ဒုစရိုက်ဂိုဏ်းတွေနဲ့ပါ ပူးပေါင်းခဲ့မူအပါအဝင် စွဲချက်ပေါင်း ၁၃ ခုနဲ့ ရုံးတင်ခံထားရတာဖြစ်ပါတယ်။

ထရမ့်ကတော့ သူနဲ့အတူ စွဲချက်တင်ခံထားရတဲ့အပေါင်းအပါ ၁၈ ယောက်အားလုံးဟာ နိုင်ငံရေးလှုံ့ဆော်မှုမျိုးသာ ဘောင်ထဲကလုပ်ခဲ့တာဖြစ်တယ်ဆိုပြီးစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ လက်ရှိ ထရမ့်ရဲ့ ထောင်သားဓာတ်ပုံ mugshot တွေ အွန်လိုင်းပေါ်မှာ အတုအဖြစ် အများအပြားပေါ်ပေါက်နေပေမယ့် တကယ်ဓာတ်ပုံအစစ်ကိုတော့ လူတွေ မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed