October 15, 2023 || Tongsan Media Group ||

သွေးဆာနေတဲ့ အကြမ်းဖက် ဟားမတ်စ်အဖွဲ့ကို အပြတ်ဖြိုခွင်းမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထပ်မံ ပြောဆိုပါတယ်။ အောက်တိုဘာ ၁၅ ရက် အစ္စရေး အမျိုးသား အရေးပေါ် အစိုးရအဖွဲ့ (စစ်ဝန်ကြီးများအဖွဲ့) ရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ နေတန်ညာဟု က ပြောလိုက်တာပါ။

အစ္စရေးတွေ ပြိုကွဲတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြမ်းဖက် တိုက်ခိုက်လာတဲ့ ဟားမတ်စ်ကို အစ္စရေးရဲ့ စည်းလုံးညီညွတ်မှုနဲ့ အပြီးတိုင် ချေမှုန်းမယ်လို့ နေတန်ညာဟုက ပြောပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေတဲ့ တပ်ဖွဲ့တွေဆီကို အောက်တိုဘာ ၁၄ ရက်က သူကိုယ်တိုင် သွားရောက်တွေ့ဆုံရာမှာ သွားဆာနေတဲ့ အကြမ်းဖက်တွေကို အချိန်မရွေး လက်တုံ့ပြန် ချေမှုန်းဖို့ အသင့်ရှိနေပြီလို့လည်း နေတန်ညာဟုက ပြောသွားပါတယ်။

စစ်ပွဲကာလမှာ နိုင်ငံတော်ကို အုပ်ချုပ်မဲ့ အစ္စရေး အမျိုးသား အရေးပေါ် အစိုးရအဖွဲ့ကို ဟားမတ်စ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက် အောက်တိုဘာ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဟောင်းတွေ၊ ဗိုလ်ချုပ်ဟောင်းတွေနဲ့ အတိုက်အခံပါတီက နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ပါတယ်။

ဟားမတ်စ်တွေရဲ့ အကြမ်းဖတ် သတ်ဖြတ်တာကို ခံခဲ့ရသူတွေ၊ ပြန်ပေးဆွဲခံထားရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကတော့ ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ ပေါ့ဆမှုကြောင့်ဆိုပြီး ဝေဖန်နေသလို အတိုက်အခံ နိုင်ငံရေးသမားတချို့ကလည်း နေတန်ညာဟု ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေကြောင်း အစ္စရေးသတင်းတွေမှာ ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed