အစ္စရေး မော့ဆက်ထောက်လှမ်းရေးဌာနနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဒီဇင်ဘာ လထဲက အီရန်အစိုးရက ကွပ်မျက်ခဲ့တဲ့အထဲမှာ ဘာသာရေးခေါင်းဆောင် အလီ ခါမေနီရဲ့ အကြံပေးရုံး အဖွဲ့ဝင် တဦးပါဝင်ကြောင်း ဇန္နဝါရီလ ၈ ရက်နေ့ အီရန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ခါမေနီရဲ့ အကြံပေးရုံးအဖွဲ့ဝင်တဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မိုဆန် ဆာရာဗာနီကို သူလျှိုမှုနဲ့ ၂၀၂၃ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရတဲ့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာ ကွပ်မျက်ခဲ့တာလို့ အီရန်အစိုးရသတင်းဌာနက ဆိုပါတယ်။ အီရန်အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်မှာတော့ မိုဆန် ဆာရာဗာနီကို ဘာသာရေးခေါင်းဆောင် အလီ ခါမေနီရဲ့ အကြံပေးရုံးအဖွဲ့ဝင်အဖြစ် ဖော်ပြမထားပဲ “အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တဦးလို့ပဲ” ဖော်ပြသွားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာတင် မော့ဆက်သတင်းပေးအဖြစ်စွတ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသူ ၅ ဦးရှိပြီး အမျိုးသမီးတဦးပါဝင်ကြောင်းလည်း အီရန်အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ကွပ်မျက်ခံရသူတွေထဲမှာ အသက်အငယ်ဆုံးကတော့ ဥပဒေနဲ့ ဘွဲ့ရပြီး စစ်မှုထမ်းနေတဲ့ မိုဆန် ဆာရာဗာနီဖြစ်တယ်လို့လည်း အီရန်အစိုးရသတင်းဌာနက ဖော်ပြသွားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed