July 25, 2023 || Tongsan Media Group ||

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် လိမ်ခိုင်ရွာက အိမ်တိုင်းလိုလိုမှာ စပျစ်ခင်းတွေရှိကြပြီး တစ်နှစ်ကို စပျစ်ပိဿာချိန် ငါးသောင်းကျော် ထွက်ရှိတယ်လို့ စပျစ်စိုက်တောင်သူတွေက RFA ကိုပြောပါတယ်။ လိမ်ခိုင်ရွာကထွက်တဲ့ စပျစ်သီးတွေကို ဝိုင်လုပ်ငန်းလုပ်သူတွေဆီ ရောင်းနေရပြီး ကလေးမြို့၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့တွေထံ တင်ပို့ရောင်းချနေတယ်လို့ စပျစ်စိုက်တောင်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေထက် စပျစ်သီးအထွက်နှုန်း ကျဆင်းသွားတယ်လို့ စပျစ်စိုက်တောင်သူတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာတွေရှိလို့ စပျစ်သီးတွေ အချိန်မီမပို့နိုင်တာအပြင် အခြားအဆင်ပြေတဲ့ လမ်းကြောင်းကနေ သွားနေရတာကြောင့် လမ်းစရိတ် ပိုကုန်ကျနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိစပျစ်သီးပေါက်ဈေးဟာ တစ်ပိဿကို တစ်ထောင်နှုန်းသာရှိတာကြောင့် အမြတ်သိပ်မကျန်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အရင်နှစ် စပျစ်သီးပေါ်ချိန်မှာ ရတဲ့ဝင်ငွေဟာ စိုက်ပျိုးစရိတ်ကျေတဲ့အပြင် တစ်နှစ်စာ မိသားစု စားဝတ်နေရေး ဖူလုံခဲ့ပေမယ့် လက်ရှိကုန်ဈေးနှုန်းလည်း မြင့်တက်လာတာကြောင့် အရင်လို မလောက်ငှတော့ဘူးလို့ စပျစ်စိုက် တောင်သူတွေက ပြောပါတယ်။
Source: RFA Burmese

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed