October 3, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ကောင်စီ တပ်များ ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၉ ဦးခန့် သေဆုံးပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း BNRA မှ ပြန်ကြားရေးတာဝန်ရှိသူက ပြော ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် အရာတော်မြို့ ခြေတော်ရာ ဘုရားအနီးရှိ ၅၀၀၄ တပ်ရင်း ကင်းစခန်းကို BNRA ၏ ဝိမောက္ခ စစ်ကြောင်းက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ကင်းစခန်းသည် ပြည်သူ များကို နေ့စဉ် ဆက်ကြေး ကောက် ငွေကြေးတောင်းခံနေသည့် နေရာ ဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ၄ ဦး သေဆုံး၍ အူဇီသေ နတ် ၂ လက်၊ MA-1 တစ်လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ဘက်က ပြန်လည် ပစ်ခတ်မှုရှိပြီး သံချပ်ကာကားတစ်စီး၊ စစ်ကား တစ်စီး ဖြင့် လိုက်လံ ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ ဒီပဲယင်းမြို့မစခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ကို BNRA ၏ အမှတ်(၁) ရတနာသိင်္ဃစစ်ကြောင်းက တိုက်ခိုက်ရာ ၁ နာရီ ကျော် ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်ဘက်မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ဒီပဲယင်းမြိုု့ နယ်၊ ပျံကျ ကျေးရွာနှင့် ဘုရားထွက်ကျေးရွာအကြားတွင် BNRA ၏ အမှတ် ၁ ရတနာ သိင်္ဃ စစ်ကြောင်း က ဦးဆောင်၍ ရွှေဘို ခရိုင်တပ်ရင်း ၁၂ ၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များဖြင့် စနစ်တကျ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲ တွင် BNRA လက်ဖြောင့်အထူးတပ်ခွဲမှ စနိုက်ပါတပ်စုနှင့် ကနဦးပစ်ခတ်မှု စတင်ခဲ့ ကြောင်း၊ ချေမှူန်းရေးတပ်ခွဲက ပစ်ကူ ပစ်အား ကောင်း ကောင်းဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးအထက်သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ် ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ယင်းနေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် စစ်တပ်က Mi 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူလာသော်လည်း BNRA နှင့် ပူးပေါင်း တော်လှန်ရေးအဖွဲမှ ရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed