August 2, 2023 || Tongsan Media Group ||

အကြမ်းဖက်စစ်ကောင်စီက တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက် စားမှု တိုက်ဖျက်ရေး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ၂ ဦး၊ ဝန်ကြီး ၄ ဦး နှင့် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၁၀ ဦးကို ရာထူးမှ ထုတ်ပယ် အနားပေးလိုက်ကြောင်း ယနေ့ ညပိုင်း ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီအဖွဲ့ဝင် မောင်ကို၊ ဒေါက်တာအောင်ကျော်မင်းတို့ကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး အဖွဲ့ဝင် ဒေါက်တာကျော်ထွန်းကို ဗဟိုအကြံပေးအဖြစ်လည်းကောင်း ပြောင်းရွှေ့ကြောင်း ကြေညာသည်။

ထို့ပြင် တရားသူကြီးချုပ် ထွန်းထွန်းဦး၊ သာသနာရေးဝန်ကြီး ကိုကို ၊ လျှပ်စစ်ဝန်ကြီး သောင်းဟန်၊ စာရင်းစစ်ချုပ် တင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဌေးအောင်၊ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင် ဥက္ကဋ္ဌ လှမြင့်၊ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကို ရာထူးမှ အနားပေးကြောင်း သိရှိရသည်။

Source: Khit Thit Media

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed