July 29, 2023 || Tongsan Media Group ||

ဇိုမီးနှစ်ခြင်းအသင်းတော်များအမေရိကား ၏ (၁၁) ကြိမ်မြောက်အ‌စည်း‌အဝေးကို ဂျော်ဂျီယာပြည်နယ် အတ္တလန်သာမြို့ရှိ Zomi Laizom Christian Church အိမ်ရှင်လုပ်ကာ ဇူလိုင် ၂၈-၃၀၊၂၀၂၃ အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အစည်းအဝေးသို့ ပြည်နယ်အသီးသီးရှိ ZCBA လက်အောက်ခံ အသင်းတော်များမှ အသင်းသူ/သား အယောက်တစ်ထောင်ကျော် ပါ၀င်တက်ရောက်ကြကြောင်း ZBCA အထွေထွေအတွင်းရေးမှူး Rev Dr Pau Khan Lian ထံမှ ကြားသိရပါသည်။

“ကောင်းမှုလုပ်ရန် စတင်ကြစို့” (နေဟမိ ၂:၁၈) ကျမ်းချက်ကို ဆောင်ပုဒ်အဖြစ် ရွေးချယ်ကာ ညပိုင်းအစီအစဉ်၌ ZBCA ဧရိယာအတွင်းရှိ ဆရာကြီးများနှင့် မြန်မာပြည်မှ ကြွရောက်လာသော ဆရာကြီးများ တရားဒေသနာများ ဟောကြားကြပါသည်။ ZBCA ပိုင် Zomi Christian Theological Seminary မှ ကျောင်းပြီးသူ ၈၅ ဦးကိုလည်း အစည်းအဝေး၌ ဘွဲ့အပ်နှင်းနိုင်ခဲ့သည်။

  1. Rev.Dr. Tuan Khan Mung (ZBCM GS),
  2. Rev. Langh Za Kap,
  3. Dr. Steven Porter, Th.D (Chair of BWA School of Evengelism)
  4. Dr. David Cassady. Ph.D (President of Baptist Seminary of Kentucky) တို့မှ ဩဝါဒနှင့် အားပေးစကားများ ချီးမြှင့်ပေးခဲ့ကြသည်။

ယခုနှစ်အစည်းအဝေး၌ အောက်ပါအမှုတော်ဆောင်ဆရာ တို့ကိုလည်း သိက္ခာတင်ပေး ခဲ့ကြောင်း သိရှိရပါသည်။

  1. Pastor Suan Sawm Tuang
  2. Pastor Thang Suan Khai
  3. Pastor Zam Biak Thang
  4. Pastor Zam Kap Sang

Source: Rev. Dr. Pau Khan Lian (General Secretary of ZBCA)

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed