စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရဲဘော်နှစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် သေနတ် ၂၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G-3 ကျည် သုံးထောင်ကျော်၊ MA ကျည် သုံးရာကျော်၊ ၉ မမကျည် ၂၀၀ ကျော်၊ ရာဘာကျည် ၃၀ တောင့်၊ ကျည်ဘောက်မျိုးစုံ ၅၀ ကျော်၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၂ လုံးနှင့် ဆက်သွယ်ရေးစက်တစ်လုံးတို့ပါဝင်သည်။ တိုက်ပွဲဖြစ်ပွား နေစဉ်အတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် နေရာများမှ တစ်ခုသာကျန်ရှိတော့သည့် မော်လူးမြို့ ရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကချင်လွတ်မြောက်ရေးတပ် KIA၊ KPDF နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်မှ ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့ စသည့်မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီး မော်လူးမြို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed