ဇွန်လ 9 ရက် 2024 မှ စတင်ကာ ချင်းညီနောင်တပ်ဖွဲ့များ မတူပီမြို့သိမ်း ဆင်နွဲ့နေချိန် ယနေ့ ဇွန်လ 18, 2024 နံနက် 5:30 မိနစ်တွင် စကစ (SAC) အသက်ဆက်ရှင်ရေးအတွက် CNA ဦးဆောင်ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ ချင်းညီနောင် တပ်ဖွဲအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ကြောင့် မတူပီ မြေပြင်မှ လာသော သတင်းရစ်မြစ်မှ သိရသည်။

စကစ (SAC) အား အမြစ်ပြတ် ချေမှုန်းရန် မတူပီမြို့သိမ်း ချင်းညီနောင် တပ်ဖွဲ့မှ ထိုးစစ်ဆင် နေချိန် CNA ဥိးဆောင်သော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့သည် စကစ (SAC) ဖက်မှ ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။ CNA ဦးဆောင်သော ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့မှ ချင်းညီနောင်တပ်ဖွဲ့အား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ချိန်တွင် ချင်းညီနောင်တပ်ဖွဲ့မှ ဒဏ်ရာရသူနှင့် သေဆုံးသူရှိနိုင်ကြောင့် မတူပီ သတင်းရစ်မြစ်က ဆိုသော်လည်း အတည်မပြုနိုင်သေးပေ။

ချင်းညီနောင်တပ်ဖွဲ့ မတူပီမြို့သိမ်းတိုက်ပွဲ့တွင် ခလရ (304) အား သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင့် မတူပီ မြေပြင် သတင်းရင်းမြစ်က ဆိုသော်လည်း သီးခြား အတည်မပြု နိုင်သေးပေ။ အကြမ်းဖက်စစ်ကောင်စီ၏တပ်စခန်းများအား ထိုးစစ်ဆင်နေသော ချင်းညီနောင်နှင့်မဟာမိတ် တပ်ဖွဲ့ဝင်များအား အလစ်ဝင်ရောက်တိုက်ခိုက်လာသော CNF/CNA နှင့် ၎င်း၏လက်အောက်ခံ တပ်များနှင့် ပတ်သက်၍ အများပြည်သူထံ အသိပေးထုတ်ပြန်ခြင်း ပြုလုပ်ခဲ့သည် ဟု PDF- Zoland ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်