CNF/CNA အနေနဲ့ ၎င်းတို့နယ်မြေဖြစ်တဲ့ ဟားခါးနှင့် ထန်တလန်ကို ဦးစားပေး မြို့သိမ်းတိုက်ပွဲများဆင်နွဲသင့်ကြောင်းနဲ့ လိုအပ်ပါက ချင်းညီနောင်အနေနဲ့ တိုက်ခိုက်ပေးမှာ ဖြစ်ကြောင်း ထိုသို့မဟုတ်ပဲ နယ်မြေကျူးလွန်မှုများဆက်လုပ်နေပါက ချင်းပြည်သူအကြား စည်းလုံးမှုပြိုကွဲစေပြီး သွေးထွက်သံယိုဖြစ်စေတဲ့ သမိုင်း တရားခံဖြစ်မယ့်အကြောင်း ဒီနေ့မေလ ၁ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်၏ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA) နဲ့ ချင်းလဲန်ကောင်စီရဲ့ အဖွဲ့ဝင်တပ်ဖွဲ့တွေအနေနဲ့ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားနေမှု ဆက်လုပ်နေရင် အချင်းချင်းသွေးထွက်သံယိုမှုတွေကို ဦးတည်စေတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ မေလ (၁) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ထားပြီး ကြိုးစားတိုက်ပွဲဝင်နေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး CNF/CNA နဲ့ ချင်းလဲန်ကောင်စီရဲ့ အဖွဲ့ဝင်တပ်ဖွဲ့တွေက ချင်းညီနောင်ထိန်းချုပ်နယ်မြေတွေကို သိမ်းပိုက်ကျူးကျော်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

CNF/CNA အနေနဲ့ ၎င်းတို့နယ်မြေဖြစ်တဲ့ ဟားခါးနှင့် ထန်တလန်ကို ဦးစားပေး မြို့သိမ်းတိုက်ပွဲများဆင်နွဲသင့်ကြောင်းနဲ့ လိုအပ်ပါက ချင်းညီနောင်အနေနဲ့ တိုက်ခိုက်ပေးမှာ ဖြစ်ကြောင်း ထိုသို့မဟုတ်ပဲ နယ်မြေကျူးလွန်မှုများဆက်လုပ်နေပါက ချင်းပြည်သူအကြား စည်းလုံးမှုပြိုကွဲစေပြီး သွေးထွက်သံယိုဖြစ်စေတဲ့ သမိုင်းတရားခံဖြစ်မယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ မရာမြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တို့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed