August 5, 2023 || Tongsan Media Group ||

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၆၆ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးတစ်ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၉၅ ဦးသေဆုံးကာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦးနဲ့ တပ်ခွဲမှူး ၁ ဦးအပါအဝင် ၈၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင် အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O)၊ KNLA ၊ KNDO တို့ရဲ့စစ်ရေး ကွပ်ကဲမှုအောက်ရှိ ပူးပေါင်းစစ်ကြောင်းများနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦးနဲ့ တပ်ခွဲမှူး ၂ ဦး အပါအဝင် ၉၅ ဦး သေဆုံးခဲ့သလို ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦး နဲ့ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၈၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲများအတွင်း KNU ၊ KNLA ပူးပေါင်းစစ်ကြောင်းက တော်လှန်ရေးရဲဘော် ၃ ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၂၆ ဦး ဒဏ်ရာရခဲ့သလို အရပ်သားပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီစာရင်းများကို ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပ လာယာခရိုင် တပ်မဟာ ၆ ကနေ မြေပြင် သတင်းပေးပို့ချက်နဲ့ နေ့စဉ် ကြေးနန်းမှတ်တမ်း များ စုစည်း တင်ပြချက်များအရ ထုတ်ပြန်တာဖြစ်တယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

Source: Maung Media

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed