ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်၂ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခိုင်းခဲ့သူလို့ နာမည်ထွက်နေတဲ့ ဒေါ်သီသီအေး(ခ)မယ်သီကို ဖေဖော်ဝါရီ ၁၀ ရက် ယနေ့ မနက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များက YDF ရဲဘော်ဖိုးတေနှင့်ရဲဘော်သားထောင်ကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ၎င်းသတ်ဖြတ်မှုနောက်ကွယ်ကြိုးကိုင်ခဲ့တဲ့လူတွေထဲမှာ ယနေ့မနက် အဖမ်းခံရတဲ့ ဒေါ်သီသီအေးလည်း ပါဝင်ပတ်သတ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

“သူက ညဆိုတပ်ထဲမှာအိပ်တယ် မနက်ဆိုပြန်တယ်။ လောလောဆယ်တော့ တာဝန်ရှိသူတွေက စစ်ဆေးဆဲပါ။ ဥပဒေနည်းလမ်းနဲ့အညီဘဲ လုပ်ကြမှာပါ။ အချိန်တန်ရင်ထုတ်ပြန်ချက်ထွက်လာမှာပါ” လို့ တော်လှန်ရေးရဲဘော် တစ်ဦးကပြောပါတယ်။ ဒေါ်သီသီအေးဟာ ကံပုလဲသူဖြစ်ပြီးကလေးမြို့ ကြံခိုင်ရေးပါတီဝင်လည်းဖြစ်ကာ ခင်ပွန်းဟာလည်း စစ်တပ်ပိုင်းအရာရှိတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed