September 12, 2023 || Tongsan Media Group ||

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် တစ်နေရာတွင်အခြေစိုက်တဲ့ CDF Tonzang အမှတ် ၂ စခန်းကို မနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်တွင် ZRA က ဒုတိယအကြိမ်ဝင်ရောက်တိုက်ခိုက်ရာ CDF Tonzang ရဲဘော် ဦးမန်ကပ်ထန် ကျဆုံးတယ်လို့ သိရတယ်။ တိုက်ပွဲတွင် Zomi Revolutionary Army (ZRA) တပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာများစွာရရှိပြီး အထိနာသဖြင့် လုံတပ်ရွာဘက်သို့ ဆုတ်ခွာသွားကြကာ လုံတပ်ရွာမှ ဒေသခံများ၏ ဆိုင်ကယ်ခုနှစ်စီးကို လုယူ၍ ထွက်ပြေးသွားကြတယ်လို့ CDF Tonzang က ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Zomi Revolutionary Army (ZRA) တပ်ဖွဲ့သည် ခရစ်ယာန်များ၏ ဥပုဒ်နေ့ တနင်္ဂနွေ့ကိုမှ မရှောင်ဘဲ CDF တွန်းဇံ အမှတ် (၂) စခန်းကို လာရောက်တိုက်ခိုက်၍ ရဲဘော်တစ်ဦး ကျဆုံးရသည့်အတွက် ယနေ့သည် CDF တွန်းဇံနှင့် ဇိုမျိုးနွယ်စုအားလုံးက မမေ့နိုင်အပ်သည့် သွေးစွန်းသော တနင်္ဂနွေနေ့ဖြစ်သည်ဟု CDF တွန်းဇံက ထုတ်ပြန်သည်။

ဩဂုတ်လ ၃၁ ရက်ကလည်း CDF – တွန်းဇံ တပ်ရင်း ၃ ၏ ယာယီစခန်းကို Zomi Revolutionary Army (ZRA) က စစ်ကောင်စီနှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ CDF Tonzang တပ်သား ပေါင်ကပ်ထန် ကျဆုံးတဲ့အပြင် ရိက္ခာများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းခံခဲ့ရသည်။ ထို့နောက် စက်တင်ဘာလ ၅ ရက်တွင် CDF တွန်းဇံက ZRA ကို လက်တုံ့ပြန်တိုက်ခိုက်မည်ဟု ထုတ်ပြန်ခဲ့ပြီး ယနေ့မှာ ဒုတိယအကြိမ်အဖြစ် ZRA ၏ ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

Source: Khonumthung & Zalen

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed