ဖလမ်းမြို့ သိမ်းတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်က ဗုံးကြဲခုခံ
ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး ခုခံနေတယ်လို့ ဖလမ်းဒေသခံတွေက ဇန်နဝါရီလ ၂၃ ရက်ပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဖလမ်းမြို့ပေါ်က အနောက်ဘက်ခြမ်းကို လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုကို မသိရသေးပါဘူး။ လက်ရှိဖလမ်းမြို့မှာ ကျန်ရှိနေတဲ့ စစ်တပ်ကုန်းစခန်းကို…
ဗိုလ်ကြီးနှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထားကြောင်း PRA ထုတ်ပြန်
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်တစ်လျှောက်မှာ ဇန်နဝါရီလအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၁၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ဗိုလ်ကြီးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီတိုက်ပွဲတွေကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။…
စစ်သုံ့ပန်း နှစ်ဦးကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်မှု AA ကို ICC က စုံစမ်းပေးဖို့ Fortify Rights ထုတ်ပြန်
အာရက္ခတပ်တော် (အေအေ) ယူနီဖောင်း ဝတ်ဆင်သူတချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှု နိုင်ငံ တကာစစ်ရာဇဝတ်ခုံရုံး (ICC) က စုံစစ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အစည်းဖြစ်တဲ့ Fortify Rights က ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။ ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင် မှတ်တမ်းအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စစ်သုံ့ပန်း နှစ်ဦးကို အေအေ…
မြောက်ဦးတွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင်၂၈ ဦးသေဆုံးပြီး၂၅ ဦး အပြင်းအထန် ဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ဦး မြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံပန်း မိသားစုဝင်များထားရှိသည့်နေရာကို ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်၊ ညနေ ၄ နာရီ ၄၆ မိနစ် နှင့် ညနေ ၄ နာရီ ၄၇ မိနစ်အချိန်တို့တွင်စစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှုကြောင့် စစ်သုံ့ပန်းမိသားစုဝင် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း…
ခမ်းပါတ်မြို့နဲ့ ကနန်ကျေးရွာ စစ်ကောင်စီမှ ဗုံကြဲ တိုက်ခိုက်လို့ ၃နှစ် ကလေးအပါဝင်၂ဦးသေဆုံး လူနေအိမ်၂၁လုံးပျက်စီး
စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့နဲ့ ကနန်ကျေးရွာကို ဇန်နဝါရီ ၁၆ရက်နေ့ ညပိုင်း ကစစ်ကောင်စီမှ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃နှစ် အရွယ် အမျိုးသမီးကလေးငယ် တစ်ဦးအပါဝင်၂ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းအပါဝင် လူနေအိမ်၂၁ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံများ ထံမှသိရပါတယ်။ ဇန်နဝါရီ ၁၆ရက်နေ့ ည ၈နာရီခွဲဝန်းကျင်မှာ ခမ်းပါတ်မြို့ အမှတ်(၁) ရပ် ကွက်ကို ၂ကြိမ်နဲ့ ကနန်ကျေးရွာ ဘုန်ကြီးကျောင်းကို တစ်ကြိမ်…
မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင် အပါအဝင် ၅ဦးကို လက်နက်ခဲယမ်းနဲ့အတူဖမ်းဆီးရမိ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် Pu Bil Cung အပါအဝင် ၅ ဦးကို လက်နက်ခဲယမ်းနဲ့အတူ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က မနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ CNF/CNA ခေါင်ဆောင်ရဲ့ နာမည်နဲ့ ရာထူးတွေကို ဖော်ပြထားခြင်းမရှိဘဲ သူတို့တွေဆီက AK - 47…
အစ္စရေးနဲ့ဟားမတ် အပစ်ရပ်သဘောတူညီချက်ရရှိ
ဟားမတ် နဲ့ အစ္စရေးလ်ကြား အပစ်ရပ်ရေး သဘောတူညီချက် ရရှိသွားပြီး ဒီသဘောတူညီချက် အရ စစ်သွေးကြွ အဖွဲ့က တနှစ်ကျော်ကြာ ဖမ်းထားတဲ့ ဓားစာခံ တချို့ ပြန်လွတ်လာစေမှာ ဖြစ်ကြောင်း ကြားဝင် ညှိနှိုင်းသူတွေနဲ့ အမေရိကန် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ရွေးကောက်ခံ သမ္မတ Donald Trump က နိုင်ငံခြားရေး ဝန်ကြီး အဖြစ်…
ပင်လည်ဘူးမြို့ကိုသိမ်းတဲ့ PDF အထူးတပ်ကို NUG လက်နက်တပ်ဆင်
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ PDF အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီ ၁၂ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဟာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်ဖွဲ့ဖြစ်ပြီး အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊…
ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ဆက်လက်ဆောင်ရွက်နေဟု ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌပြော
ချင်းညီနောင်နှင့်မဟာမိတ်များက ဆင်နွှဲလျက်ရှိနေသည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။ ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ရာ မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို၌လည်း ခလရ(၂၆၈) တပ်ရင်းသာ ကျန်တော့ပြီး မြို့ကို ထိန်းချုပ်ထားသည်။ “ဆက်လက်ထိုးစစ်ဆင်နေသေးတဲ့ အနေအထားပါဗျ။ အပြီးသတ်…
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်သည့် တောင်ကိုရီးယားသမ္မတ အဖမ်းခံရ
နိုင်ငံတော်ပုန်ကန်မှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး ရာထူးမှဆိုင်းငံ့ခံရသည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုကို ယနေ့နံနက်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးလိုက်ကြောင်း ကိုရီးယားသတင်းများက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ သမ္မတအား စုံစမ်းစစ်ဆေးရန် ကြိုးစားနေရာမှ ယနေ့နံနက်တွင် သမ္မတအိမ်တော်အတွင်း ဝင်ရောက်ဖမ်းဆီးလိုက်ခြင်းဖြစ် သည်။ ယနေ့နံနက်ပိုင်းတွင် စုံစမ်းစစ်ဆေးသူများက ယွန်းဆွတ်ယို၏နေအိမ်သို့ဝင်ရောက်ခဲ့ရာ သမ္မတလုံခြုံရေးတပ်ဖွဲ့နှင့်…