စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မာလဲရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲမှု ပြည်သူ ၅ ဦးသေဆုံး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော မာလဲရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မတ္တရာမြို့နယ်ဘက်မှ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော စဉ့်ကူးမြို့နယ်၊…
AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်ထဲတွင် ဒေသခံ ၃၀၀ကျော် ပြင်းထန်ဝမ်းပျက်ရောဂါဖြစ်နေ
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်တွင် ဒေသခံ ၃၀၀ဦး ဝန်းကျင်သည် ပြင်းထန်ဝမ်းပျက်ရောဂါ ကူးစက်ခံရပြီး ထိုအထဲမှ ၃၀ဦးသည် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်ဟု ULA/AA ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။ ဝမ်းပျက်ရောဂါသည် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ လုံတလိုင်ခရိုင်၊ ကာကီ၊ တွီတင်း၊ လုံးတင်း ကျေးရွာများမှတဆင့် အစပျိုး…
အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ တပ်မ ၃၃ တပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ စစ်တပ်စစ်ကြောင်းပျက်ပြီး စစ်တပ်ဗျူဟာမှူး အပါစစ်သား ၅၀ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၅ ဦး၊ လက်နက်မျိုးစုံ ၂၀ခန့် နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ခင်ဦးဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ တပ်မ ၃၃ တပ်များကို PDF ပူးပေါင်း တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းစုဖွဲ့မှု ပျက်ပြီး စစ်ကြောင်းမှူးအပါ စစ်သား ၅၀ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၅ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အတည်ပြုပြောဆိုသည်။…
ကနေဒီ တောင်ကုန်းနဲ့ ဝေဘူလမြို့ကို စစ်အုပ်စုပြန်ထိန်းချုပ် ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ဝေဘူလမ်းမကြီး တလျှောက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ၅၀ ကျော် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရ
ချင်းပြည်နယ်က ချင်းတော်လှန်ရေးတပ်တွေ နဲ့ စစ်အုပ်စုတပ်တွေ နှစ်ပတ်ခန့်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ တီးတိန်နယ် ကနေဒီတောင်ကုန်း နဲ့ ဖလမ်းမြို့နယ် ဝေဘူလမြို့ ကို စစ်အုပ်စုတပ်တွေ ပြန်ထိန်းချုပ်ပြီးနောက် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်က ချင်းပြည်နယ်ရဲ့ ဝင်ပေါက်လမ်းမကြီးတွေဖြစ်တဲ့ ကလေး -တီးတိန်- ဖလမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း၊ ကလေး -…
စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ပူးပေါင်းခုခံဖို့ AA နဲ့ချင်းညီနောင်အဖွဲ့အကြား ရခိုင်ပြည်ခရီးစဉ်မှာ ဆွေးနွေးခဲ့
ချင်းညီနောင် (CB) အဖွဲ့ရဲ့ စစ်ရေးမဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့အကြား စစ်ကောင်စီတပ်ရဲ့တန်ပြန်ထိုးစစ်တွေကို ဘယ်လိုပူးပေါင်းခုခံပြီး ဘယ်လိုအပြန်အလှန် ကူညီကြမလဲဆိုတာတွေကို ပြီးခဲ့တဲ့လက ချင်းညီ နောင်အဖွဲ့ရဲ့ရခိုင်ပြည်ခရီးစဉ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။ အာရက္ခတပ်တော် ULA / AA ရဲ့…
ရန်ကုန်၊ ပဲခူးနဲ့ မွန်က PDF တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်
ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက်မှာ ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ လက်နက်တွေတပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။ အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနဲ့ ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့တက်ရောက် အမှာစကားပြောကြားပြီး တိုင်းစစ်ဌာနအရာရှိတွေ၊ နည်းဗျူဟာမှူးတွေက PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊…
ကလေး – တီးတိန်လမ်းပေါ် အဓိကကျသည့် သိုင်းငင်းစခန်းကို စစ်တပ်ပြန်ထိန်းချုပ်
စစ်ကိုင်း နှင့် ချင်းမြောက်ပိုင်းကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါ်မှ အဓိကကျသည့် သိုင်းငင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချင်းတော်လှန်ရေးတပ် CDM (Civic Defense Militia) Siyin အဖွဲ့လက်ထဲမှ ပြန်လည်သိမ်းပိုက်ခဲ့ သည်ဟု သိရသည်။ သိုင်းငင်းစခန်းသည် စစ်ကော်မရှင်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-ကလေး) အခြေစိုက်ရာ စစ်ကိုင်းတိုင်း ကလေးမြို့၊ စစ်တပ်ကရွေးကောက်ပွဲလုပ်မည်ဟု…
တီးတိန်-သိုင်းငင်းရွာမှာ စစ်ကောင်စီက သိုင်းငင်းရွာမှာ မိုင်းနင်းလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ပြောပါတယ်။ တီးတိန်မြို့မှ တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ သိုင်းငင်းရွာထဲကို ဝင်ရောက်လာပြီး CDF-…
စစ်အုပ်စုက တီးတိန်ကိုစစ်ကြောင်းထိုးရာမှာ လမ်းပြအဖြစ် ဖမ်းဆီးခံရသူ ၁၆ ဦးကို PDF Zoland ကယ်ထုတ်
ချင်းပြည် တီးတိန်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ချိန် လမ်းပြဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၆ ဦးကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၆ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖမ်းဆီးခံခားရသူတွေဟာ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တီးတိန်-သိုင်းငင်း - ကလေးလမ်းမကြီးအတိုင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ…
ရွှေဘိုမှာ တော်လှန်ရေးတပ်ကင်းစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၇ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် တနေရာရှိ နယ်မြေခံကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် စခန်းရှိရဲဘော် ၇ ဦးအား အရှင်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ "စစ်ကြောင်းကနေ ဆက်တက်ပြီးမှ ပြန်ဝင်တာဆိုတော့ ကင်းလောက်ပဲ…