ကလေးမြို့နယ်က အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာရွာ မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းက အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် မေလ ၁ ရက် မနေ့ညနေပိုင်းက နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက Tongsan Media ကို ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ကလေးမြို့ နယ်တော်လှန်ရေး ပူးပေါင်းတပ်တို့ ဧပြီလ ၃၀ ရက်နေ့နဲ့ မေလ ၁ ရက် နေ့တွေမှာ…
တီးတိန်မြို့နယ်မှာ ZRA နဲ့ CNA တို့ တိုက်ပွဲထပ်ဖြစ်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Keizaang ရွာနဲ့ Muizawl ရွာကြားမှာ ယနေ့မေ ၂ရက်နေ့ ညနေပိုင်းက ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ Zomi Revolution Amry (ZRA) တို့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေ ၁ ရက်နေ့ မနေ့ကလည်း တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာအနီးမှာ CNA နဲ့ ZRA တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့…
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်ပင်
မြန်မာနိုင်ငံကနေ အမျိုးသားတွေကို ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်မယ့်လုပ်ငန်းမှန်သမျှ မေလ ၁ ရက် မနေ့ကစလို့ ယာယီ ရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက အတည်ပြုပြောပါတယ်။ ဘယ်လိုအမျိုးသားကိုမှ ပြည်ပရွှေ့ပြောင်းလုပ်သားအဖြစ် စေလွှတ်ဖို့ ခွင့်ပြုပေးသွားမှာ မဟုတ်တော့ဘူးလို့လည်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။ “ဧပြီလကုန်အထိ နားလည်မှု စာချွန်လွှာ (MOU) နဲ့ တင်ထားတဲ့…
CNF/CNA အနေနဲ့ ဟားခါးနှင့် ထန်တလန်ကို မြို့သိမ်းတိုက်ပွဲများဆင်နွဲသင့်ကြောင်းနဲ့ နယ်မြေကျူးကျော်လှုပ်ရှားမှု ဆက်လုပ်နေပါက ချင်းညီနောင်အနေနဲ့ တိုက်ခိုက်မှာ ဖြစ်ကြောင်း ထုတ်ပြန်
CNF/CNA အနေနဲ့ ၎င်းတို့နယ်မြေဖြစ်တဲ့ ဟားခါးနှင့် ထန်တလန်ကို ဦးစားပေး မြို့သိမ်းတိုက်ပွဲများဆင်နွဲသင့်ကြောင်းနဲ့ လိုအပ်ပါက ချင်းညီနောင်အနေနဲ့ တိုက်ခိုက်ပေးမှာ ဖြစ်ကြောင်း ထိုသို့မဟုတ်ပဲ နယ်မြေကျူးလွန်မှုများဆက်လုပ်နေပါက ချင်းပြည်သူအကြား စည်းလုံးမှုပြိုကွဲစေပြီး သွေးထွက်သံယိုဖြစ်စေတဲ့ သမိုင်း တရားခံဖြစ်မယ့်အကြောင်း ဒီနေ့မေလ ၁ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်၏ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA) နဲ့ ချင်းလဲန်ကောင်စီရဲ့ အဖွဲ့ဝင်တပ်ဖွဲ့တွေအနေနဲ့ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှားနေမှု ဆက်လုပ်နေရင်…
ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
မကွေးတိုင်းနှင့်ချင်းပြည်နယ်နယ်စပ်ရှိ ကန်ပက်လက်မြို့နယ်အတွင်းမှ ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။ ၂၀၂၃ ဒီဇင်ဘာလအတွင်းမှစ၍ လေးလကျော်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည့် ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်တွင် ချင်းကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော် (AA)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်း၍ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “မြို့ရဲ့ အဓိကကျတဲ့နေရာကို သိမ်းပြီးသွားပြီး”ဟုကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနှင့်…
စဥ့်ကူးမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းအား မန္တလေးPDF တိုက်ခိုက်သိမ်းပိုက်
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား လက်နက်ခဲယမ်းများနှင့်တကွ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင်၁၁ဦး သေဆုံးကာ တပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ ဧပြီ ၂၈ ရက် နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊…
မလေးရှားနိုင်ငံသို့တိမ်းရှောင်ရန်သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ် CDM ဆရာဝန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့မသယ်တော့ဘဲ ကရင်ပြည်နယ်တွင် သဂြိုလ်
မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းခုလတ်တနေရာတွင် အမောဆို့၍ သေဆုံးသွားသူ ချင်း (Zomi) လူငယ် CDM ဆရာဝန် ခွါလ်ရှန်းတုန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ကရင်ပြည်နယ်ရှိ ရွာတစ်ရွာတွင် April 15, 2024 နေ့ သဂြိုလ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ကောင်စီက စစ်မှုမထမ်းမနေရဉပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဆောင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ရေးအချက်အလက်များကောက်ခံခြင်းရှိလာသောကြောင့် ဒေါက်တာ…
စစ်ဗျူဟာ အရေးပါတဲ့ ယောယုံဗျူဟာတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကြားက စစ်ကောင်စီတပ်ရဲ့ ယောယုံဗျူဟာ တပ်စခန်းကြီးကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်နိုင်လိုက်ပြီလို့ သိရပါတယ်။ အဲလို သိမ်းပိုက်လိုက်နိုင်ပြီဆိုတဲ့အကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းအရင်းအမြစ်ကအတည်ပြုပြောကြားပါတယ်။ လွယ်ဂျယ်မြို့နဲ့ ဆယ်မိုင်ကျော်လောက်အကွာမှာရှိတဲ့ အဲဒီ ယောယုံစခန်းနဲ့ အနီးအနားစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂၇ ရက်၊ မနေ့က…
အစ္စရေးကို ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှင်ထုတ်ရမည်ဟု အီရန်ကပြော
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အစ္စရေး ဇီယွန်ဝါဒီတွေကို ကုလသမဂ္ဂ အဖွဲ့ကြီးကနေ နှင်ထုတ်သင့်ပြီလို့ အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီ ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ အစ္စလာမ္မစ် တော် လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ အီဗရာဟင် ရိုင်အီဆီက ပြောလိုက်တာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ တောင်းဆိုဆုံးဖြတ်ချက်ပေါင်း ၄၀၀…
မြောက်ဦးမြို့ကို Arakan Army က သိမ်းပိုက်ပြီးနောက်စစ်ကောင်စီ၏ စ်တပ် ခမရ ၃၇၇-၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း ဓာတ်ပုံများကို ထုတ်ပြန်
မြောက်ဦးမြို့ကို AA က သိမ်းပိုက်ပြီးနောက် စစ်တပ် ခမရ ၃၇၇ နှှု့် ခမရ ၃၇၈ တို့မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်း တောင်ပုံ ယာပုံ ဓာတ်ပုံများကို ထုတ်ပြန်လိုက်သည်။ ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်တော် AA က ဖေဖော် ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက်…