စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အစ္စရေး ဇီယွန်ဝါဒီတွေကို ကုလသမဂ္ဂ အဖွဲ့ကြီးကနေ နှင်ထုတ်သင့်ပြီလို့ အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီ ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ အစ္စလာမ္မစ် တော် လှန်ရေး ၄၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ အီဗရာဟင် ရိုင်အီဆီက ပြောလိုက်တာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်၊ တောင်းဆိုဆုံးဖြတ်ချက်ပေါင်း ၄၀၀ ကျော်ကို နားမထောင်ဘဲ ချိုးဖောက်နေခဲ့တဲ့ အစ္စရေး ဇီယွန်ဝါဒီတွေအနေနဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို ဘယ်လိုလုပ် လိုက်နာမလဲလို့ ရိုင်အီဆီက ဆိုပါတယ်။

နိုင်ငံတကာ တောင်းဆို ဆုံးဖြတ်ချက်တွေကို မလိုက်နာမဲ့ နိုင်ငံ အဖွဲ့အစည်းကို ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှင်ထုတ်နိုင်ဖို့ အရေးကြီးနေပြီလို့ လည်း အီရန်သမ္မတက ပြောပါတယ်။ ဂါဇာက စစ်ရာဇဝတ်မှုတွေ လူမျိုသုဥ်း သတ်ဖြတ်မှုတွေကို ကြည့်ရင် ဘယ်နိုင်ငံတွေဟာ ဘယ်လိုစိတ်ထားမျိုး ရှိကြတယ်ဆိုတာ သိသာမြင်နိုင်တယ်လို့လည်း အီရန်သမ္မတက ပြောပါတယ်။

အီရန်ရဲ့ အစ္စလမ္မစ် တော်လှန်ရေးဟာ ၄၅ နှစ် ပြည့်ခဲ့ပေမဲ့ ရှေ့ကို အရှိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားနေသလို အီရန်ဟာ ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံးနိုင်ငံ ဖြစ်နေပြီဆိုတာကိုလည်း အီရန်ပြည်သူတွေ အသိဆုံးလို့ ရိုင်အီဆီက ဆိုပါတယ်။ ဘယ်နိုင်ငံကိုမှ အညံ့ခံစရာ မလိုဘဲ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်တန်းနိုင်ငံ ဖြစ်နေပြီလို့ အီရန်သမ္မတ အီဗရာဟင် ရိုင်အီဆီက ပြောသွားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed