မြို့များကို သိမ်းပိုက်ထားသည့် TNLA က စစ်မှုထမ်းဥပဒေ ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့၇ မြို့ကို တိုက်ခိုက်သိမ်းယူထားသည့် တအာင်းအမျိုးသားတပ်မတော် (TNLA) က တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ဖေဖော်ဝါရီ ၄ တွင် တရားဝင်ထုတ်ပြန်လိုက်သည်။ အဆိုပါ ဥပဒေအရ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသော တအာင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးနှင့်အထက်ရှိသည့် တအာင်းမိသားစုတစ်စုလျှင် အမျိုးသားတစ်ဦး TNLA တပ်ဖွဲ့အတွင်း…
မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်ကြောင်း AA တာဝန်ရှိသူ အတည်ပြု
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်ကြောင်းရက္ခိုင့်တပ်တော် (AA) ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောကြားသည်။ မင်းပြား၊ ကျောက်တော်နှင့်မြောက်ဦးမြို့များရှိ စစ်ကောင်စီတပ်ရင်းများကို AA က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယနေ့ (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်း၌ဖြေကြားခြင်းဖြစ်သည်။ “မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေအားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်။…
အာဏာသိမ်း သုံးနှစ်တာကာလအတွင်း နိုင်ငံတစ်၀န်းက ချင်းလူမျိုး ခြောက်ရာကျော် သေဆုံး
စစ်ကောင်စီတပ်ရဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အထိ သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ တစ်၀န်းက ချင်းလူမျိုး ၆၁၈ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း ချင်အမျိုးသား တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ချင်းပြည်နယ်အပေါ် ရိုက်ခတ်မှု အခြေနေတွေကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ရက်နေ့ ဒီကနေ့…
ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တော်လှန်ရန်အချိန်ကောင်းဖြစ်ဟု IKO ပြော
ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တော်လှန်ရန်အချိန်ကောင်းဖြစ်ဟု IKO ပြော ယခုအချိန်ကာလသည် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြန်လည်စုပေါင်းပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်မှုအောက်တွင်မှ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်ဟု နိုင်ငံတကာ ကရင်အဖွဲ့အစည်း - IKO က ၇၅ နှစ်မြောက် ကရင်အမျိုးသားလှန်ရေးနေ့က ထုတ်ပြန်ချက်တွက် ပါရှိသည်။ ယနေ့ကာလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ကို…
စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်တွင် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF) ပူးပေါင်းပါဝင်
ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်း ထုတ်ပြန်သည်။ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရှိခြင်း စသည့် ဘုံသဘောတူညီချက်များနှင့်အညီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force)ကို…
ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားအလောင်း ၅၀ နှင့် လက်နက် ၅၀ သိမ်း ဆည်းရရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ် ပြီး စစ်ကောင်စီတပ်သား အလောင်း ၅၀ ခန့်နှင့်အတူ လက်နက် ၅၀ ခန့်သိမ်းဆည်းရရှိခဲ့ကြောင်း အိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် နေ့က ဆီဆိုင်မြို့မြောက်ဘက် တနေရာ၌ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (PNLA)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို…
ယူကရိန်း စစ်သုံ့ပန်း နှစ်ရာကျော် ပြန်လည်လွတ်မြောက်လာ
ယူကရိန်း-ရုရှား နှစ်နိုင်ငံ စစ်သုံ့ပန်း လဲလှယ်ရေးသဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၂၀၇ ဦး ဇန္နဝါရီ ၃၁ ရက်မှာ ပြန်လည်လွတ်မြောက်လာကြောင်း ယူကရိန်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ လွတ်လာသူတွေထဲမှာ ရုရှားကျူးကျော်စစ် အစက ဖမ်းဆီးခံခဲ့ရတဲ့ မာရီယူပိုလ်နဲ့ မြွေကျွန်းက တပ်ဖွဲ့ဝင် အများစု ပါဝင်သလို နာမည်ကြီး အဇော့ဗ် တပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရုရှားအစိုးရ…
စစ်ကောင်စီ အရေးပေါ်အုပ်ချုပ်ရေး ၆ လ သက်တမ်းတိုး
စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလ သတ်မှတ်ပြီး သက်တမ်းတိုး အုပ်ချုပ်လာနေတဲ့ မြန်မာ စစ်ကောင်စီဟာ ဒီကနေ့ နောက်ထပ် ၆ လ သက်တမ်း တိုးလိုက်ပါတယ်။ စစ်ကောင်စီက ဒီကနေ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ စည်းဝေးပွဲ ကျင်းပပြီးနောက် “နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြင့် သတ်မှတ်လိုက်ကြောင်း” ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့…
စစ်ကောင်စီလက်ထက် ၃ နှစ်တာအတွင်း မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေတာကြောင့် သတင်းသမားတွေရဲ့ အသက် ရှင်သန်ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေက ပိုပြီးတော့ ဒီစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အာဏာသိမ်းပြီး ၃နှစ်တာ ကာလအတွင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့…
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ကိုက်ထိပ် စစ်ကောင်စီ စခန်းကို KIA KIA နှင့် KPDF ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကိုက်ထိပ်စခန်းကို ယနေ့နံနက် (ဇန်နဝါရီ ၂၉ ရက်) တွင် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရအရာရှိထံမှ သိရသည်။ ထိုစခန်းသည် မံစီမြို့၏ အရှေ့တောင်ဘက် ၂၆ မိုင်ခန့်အကွာတွင်ရှိသည့်၊ KIA တပ်များ သိမ်းပိုက်ထားသည့် မန်ဝိန်းကြီးရွာနှင့် ၂၁ မိုင်သာ ကွာဝေးသည့် အဆိုပါ စခန်းကို ယမန်နေ့…