ရန်ကုန်၊ ပဲခူးနဲ့ မွန်က PDF တိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ နိုဝင်ဘာ ၁၀ရက် ထုတ်ပြန်ပါတယ်။ ဒီကနေ့ မနက်မှာ ပဲခူးတိုင်း ရှေ့တန်းစခန်းတစ်ခုမှာ လက်နက်တွေတပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။ အထူးတိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားနဲ့ ဒု-ကွပ်ကဲရေးမှူး ရဲဘော်အေးမင်းထွန်းတို့တက်ရောက် အမှာစကားပြောကြားပြီး တိုင်းစစ်ဌာနအရာရှိတွေ၊ နည်းဗျူဟာမှူးတွေက PDF၊ ပကဖ ပူးပေါင်းစစ်ဆင်ရေးကိစ္စတွေ၊…

ကလေး – တီးတိန်လမ်းပေါ် အဓိကကျသည့် သိုင်းငင်းစခန်းကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကိုင်း နှင့် ချင်းမြောက်ပိုင်းကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါ်မှ အဓိကကျသည့် သိုင်းငင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ချင်းတော်လှန်ရေးတပ် CDM (Civic Defense Militia) Siyin အဖွဲ့လက်ထဲမှ ပြန်လည်သိမ်းပိုက်ခဲ့ သည်ဟု သိရသည်။ သိုင်းငင်းစခန်းသည် စစ်ကော်မရှင်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-ကလေး) အခြေစိုက်ရာ စစ်ကိုင်းတိုင်း ကလေးမြို့၊ စစ်တပ်ကရွေးကောက်ပွဲလုပ်မည်ဟု…

တီးတိန်-သိုင်းငင်းရွာမှာ စစ်ကောင်စီက သိုင်းငင်းရွာမှာ မိုင်းနင်းလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-သိုင်းငင်း ကားလမ်းကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ သိုင်းငင်းရွာမှာ မိုင်းနင်းလို့ ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ပြောပါတယ်။ တီးတိန်မြို့မှ တီးတိန်-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းမှာ သိုင်းငင်းရွာထဲကို ဝင်ရောက်လာပြီး CDF-…

စစ်အုပ်စုက တီးတိန်ကိုစစ်ကြောင်းထိုးရာမှာ လမ်းပြအဖြစ် ဖမ်းဆီးခံရသူ ၁၆ ဦးကို PDF Zoland ကယ်ထုတ်

ချင်းပြည် တီးတိန်မြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်ချိန် လမ်းပြဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၆ ဦးကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၆ ရက်မှာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖမ်းဆီးခံခားရသူတွေဟာ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ တီးတိန်-သိုင်းငင်း - ကလေးလမ်းမကြီးအတိုင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ…

ရွှေဘိုမှာ တော်လှန်ရေးတပ်ကင်းစခန်းတခု စီးနင်းခံရပြီး ရဲဘော် ၇ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းစခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၇ဦးသတ်ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိပါတယ်။ နိုဝင်ဘာ ၆ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် တနေရာရှိ နယ်မြေခံကင်းစခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် စခန်းရှိရဲဘော် ၇ ဦးအား အရှင်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ "စစ်ကြောင်းကနေ ဆက်တက်ပြီးမှ ပြန်‌ဝင်တာဆိုတော့ ကင်းလောက်ပဲ…

ZIUSA က ZRA-EC နှင့် လက်တွဲနေတဲ့ Zomi Political Coordination Committee (ZPCC), Zogam Charter များနှင့် ပတ်သက်ခြင်း မရှိတော့ကြောင်းသတင်းထုတ်ပြန်

အမေရိကန်ရှိ ဇိုမီးလူများစုစည်းထားတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်တဲ့ Zomi Innkuan USA Inc., (ZIUSA) [Zomi Community USA] က ZRA-EC နှင့် လက်တွဲနေတဲ့ Zomi Political Coordination Committee (ZPCC) နှင့် ဆက်သွယ်ခြင်း ပတ်သက်ခြင်း မရှိတော့ကြောင်း၊ ၄င်းတို့ထုတ်ပြန်ထားတဲ့ Zogam Charter ထောက်ခံခြင်း အားပေးခြင်း (endorsement)…

မြဝတီမြို့နယ်၊ လေးကေ့ကော် သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်တပ် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော် မှာ စစ်ကောင်စီ စစ်ကြောင်းတွေကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့ရာ (SAM) တပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ စစ်တပ်က ​​ရွေး​ကောက်ပွဲဖြစ်​မြောက်ဖို့ သာလွန်လူအင်းအား၊ နည်းပညာမြင့် Drone တွေ၊ လက်နက်ကြီးပစ်ကူတွေ၊ တာ​ဝေးပစ် ဒုံးကျည်…

ကလေး တောင်ပိုင်းနဲ့ တီးတိန်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ၊ ဒေသခံ ၂၀ ကျော် သတ်ဖြတ်ခံထားရပြီး ကျေးရွာတွေက ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးမှာ စစ်အုပ်စုတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံ စစ်‌ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက ကလေးမြို့နယ် အဓိက ဝင်ပေါက် ကားလမ်းမကြီးတွေ ဖြစ်တဲ့ ကလေး -တမူး လမ်း ၊ ကလေး - ဂန့်ဂေါလမ်း ၊ ကလေး - တီးတိန်-…

မောင်းမကန်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မှု စကစ ၁၂ ဦးသေဆုံးပြီး လက်နက် ၂၁ လက်သိမ်းဆည်းရရှိ

တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ မောင်းမကန်နယ်မြေရဲစခန်းကို မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့ရာ ၉ နာရီခွဲခန့်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၂…

ကလေးမြို့နယ်၊ သံဖိုရွာနဲ့ ဟားခါးလေးရွာကို စစ်ကောင်စီ မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာနဲ့ ဟားခါးလေးကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၃၁ ရက်နေ့မှာ နေအိမ်တွေကို ၀င်ရောက်မီးရှို့နေတယ်လို့ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းကို ထိုးစစ်ဆင်နေတဲ့ အင် အား နှစ်ရာ၀န်းကျင်ပါ စစ်ကြောင်းဟာ အောင်ချမ်းသာရွာကနေ သံဖိုရွာကို စစ်ကြောင်းထိုးမီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဟားခါးလေးရွာ က နေအိမ် ၅လုံးလောက် ‌၀င်ရောက်မီးရှို့ခဲ့ပြီး ဒီနေ့မှာတော့…

You missed