August 27, 2023 || Tongsan Media Group ||

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန် ဗိုလ်စွဲပြီးနောက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Luis Rubiales က အသင်းသူ Jenni Hermoso ရဲ့ နှုတ်ခမ်းကို အတင်းအကျပ် နမ်းရှုံ့ခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန် အတွင်း သူ့ကို ဘောလုံးပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ အလုပ်တာဝန်တွေအားလုံးကို ရပ်ဆိုင်းထားကြောင်း သြဂုတ် ၂၆ ရက် စနေနေ့ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် FIFA ဖီဖာ က ကြေညာလိုက်ပါတယ်။

စပိန်ပြည်တွင်းနဲ့ နိုင်ငံတကာ ဘောလုံး အလုပ်တာဝန်တွေက အခုလို ဆိုင်းငံ့လိုက်တဲ့ အရေးယူမှုက ချက်ချင်း သက်ရောက်မှာဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီအကြီးအကဲ Jorge Ivan Palacio က သတင်းထုတ်ပြန်ပါတယ်။ ဖီဖာ က Luis Rubiales ကို ကြာသပတေးနေ့က စပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူ စုံစမ်းမှုတွေ စတင်ခဲ့တာ ဖြစ်ပြီး ရူဘီအယ်လက်စ် ဘက်ကတော့ “သူ လုံးဝ အပြစ်ကင်းကြောင်း” သက်သေပြနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ ပြောထားပါတယ်။

အသက် ၄၆နှစ်အရွယ် Luis Rubiales က ဒီလို နမ်းရှုံ့ခဲ့တာကို ဟာမိုဆာ ဘက်က ကြည်ဖြူတယ်လို့ ငြင်းချက်ထုတ်ထားပေမယ့် ဟာမိုဆာ ကိုယ်တိုင်နဲ့ သူ့ရဲ့ အသင်းဖော်တွေ ၊ စပိန်အစိုးရတို့ကတော့ ဒါက ကာယကံရှင်က မလိုလားဘဲ လုပ်ခဲ့တာလို့ ပြစ်တင်နေကြတာပါ။ သောကြာနေ့ကတော့ စပိန်တော်ဝင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ပေးဖို့ (ရူဘီအယ်လက်စ်) ငြင်းဆို ထားပါတယ်။ သူ့ရဲ့ စပိန်တော်ဝင်ဘောလုံး အဖွဲ့ချုပ်ကလည်း သူ့ဘက်က ရပ်တည်မှာဖြစ်ကြောင်း စနေနေ့မှာပဲ ပြောပါတယ်။

Ref: VOA

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed