June 25, 2023 || Tongsan Media Group ||

Burmese Version:

အာဏာသိမ်းပြီးနောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခဲ့သည့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ မြေပြင်ထိုးစစ်မှာ မေလအတွင်းမှစတင်အရှိန် လျော့ကျသွားကာ ခံစစ်အသွင်ပြောင်းသွားသည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။ ၂၀၂၃ ဇန်နဝါရီလမှ ဧပြီလအထိ ကရင်အမျိုးသား အစည်းအရုံး (KNU) လှုပ်ရှားသည့် နယ်မြေအားလုံးတွင် တိုက်ပွဲပေါင်း ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့သော်လည်း မေလအတွင်းတွင်မူ တိုက်ပွဲ ၃၁ ကြိမ်သာ ရှိခဲ့သည်ကို KNU ၏ ထုတ်ပြန်ချက်များတွင်လည်း တွေ့ရသည်။

စစ်ကောင်စီတပ်သားများသည် အထိုင်ချတပ်စွဲထားသည့် စခန်းထဲတွင်သာ ရှိနေတော့သည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။ “တစ်နိုင်ငံလုံးမှာ အရူးမီးဝိုင်းသလို ဖြစ်နေတော့ ခံစစ်ပြင်ဆင်မှု ပြုလုပ်ရင်း လေကြောင်းနဲ့ တစ်မျိုး၊ လက်နက်ကြီးနဲ့တဖုံ ခြိမ်းခြောက် ပစ်ခတ်မှုတွေ လုပ်ပြီး အချိန်ရသလောက်ဆွဲပြီး ပြင်ဆင်နေတယ်” ဟု သူက ပြောသည်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ၊ ဘုရားသုံးဆူ စသည့် မြို့နယ်များ ပါဝင်သလို မွန်ပြည်နယ် ရေးမြို့နယ်လည်း ပါဝင်သည်။ ယင်းဒေသများသည် ၂ နှစ်တာ ကာလအတွင်း စစ်တပ်နှင့်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည့် နေရာများဖြစ်သည်။ ကရင်ပြည်နယ်အတွင်း တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများ ၊ တနင်္သာရီတိုင်းအခြေစိုက် စစ်မြေပြင်ကွပ်ကဲမှုဌာနချုပ်(စကခ ၁၃ ) လက်အောက်ခံ တပ်ရင်းများ ရှိနေသည်။

မြဝတီ သုံးထပ်ကွေ့ဒေသ တိုက်ပွဲများ၊ ဝေါလေဒေသတွင်း တိုက်ပွဲများ၊ ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးတွင် ဖြစ်ပွားသည့် တိုက်ပွဲများအပြင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ ဒေသများတွင်ပါ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ များပြားခဲ့သည်။ ဇန်နဝါရီလမှ ဧပြီအထိ ၃ လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၀၀ ကျော် ဒဏ်ရရသည်ဟု KNU က မေ ၁၁ တွင် ထုတ်ပြန်ထားသည်။

စစ်တပ်၏ ပြုန်းတီးအင်အားကို အချိန်မီ ပြန်လည် ဖြည့်တင်းနိုင်ခြင်းမရှိသလို နိုင်ငံအနှံ့ လက်နက်ကိုင် ပုန်ကန်မှုဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက တိုက်ခိုက်ရေးနည်းနာ ပြောင်းသုံးနေသည်ဟု စစ်မှုထမ်းသက် နှစ် ၂၀ နီးပါးရှိသည့် CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ အခြေချရာ စခန်းကုန်းများကို ခံစစ်ပြင်ဆင်ပြီး စစ်မြူနေသည့် ဗျူဟာကို အသုံးပြုနေကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

“နေရာတော်တော်များများမှာ ထိုးစစ်လျော့လာတယ်၊ အဓိကကတော့ ထိုးစစ်ကနေ ခံစစ်ပြန်ပြင်နေတဲ့ အနေအထားပေါ့၊ လမ်းတံတားဂိတ်တွေပါ ဖြုတ်လိုက်တာများတယ်၊ PDF တွေကို သူတို့နေရာကို လာတိုက်အောင် သူတို့လည်း အလစ်အငိုက်မခံရအောင် စစ်မြူတယ်လို့ ပြောလို့ရမယ်ဗျ၊ နောက်ပြီး သူတို့ရဲ့လက်ကျန်အင်အားကို ဗျူဟာမြောက် အပြုန်းအတီးမခံနိုင်တော့ဘူးလို့ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေ ၂၈ တွင် ထုတ်ပြန်သည့် ကာကွယ်ရေးအခြေပြစာတမ်း တွင် စစ်ကောင်စီတပ်တွင် အင်အားသိသာစွာ လျော့ကျနေသည်၊ တပ်ရင်း တစ်ရင်းတွင် အင်အား ၈၅၇ ဦးရှိခဲ့ရာမှ ယခု ၁၇၀ မှ ၂၀၀ ကြားသာ ရှိတော့သည်ဟု ဖော်ပြထားသည်။ ဗိုလ်ကြီးဇင်ယော်ကလည်း စစ်ကောင်စီတပ်တွင် မြေပြင်စစ်ဆင်ရေးလုပ်သည့်အင်အား လျော့နည်းနေပြီး၊ တိုက်ပွဲအတွင်း သေဆုံးနှင့်ဒဏ်ရာရရှိသူ၊ ခွင့်မဲ့ပျက်ကွက်သူ လွန်စွာ များပြားနေကြောင်း တပ်တွင်း သတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

“တိုက်ခိုက်ရေး ​ခြေလျင်ခြေမြန်တပ်တွေဟာ အရင်ကဆို စစ်ကြောင်းနှစ်ကြောင်းခွဲနိုင်တယ်ခင်ဗျ။ အခုဆို တပ်ရင်းတစ်ရင်းကို စစ်ကြောင်းတစ်ကြောင်းတောင် အနိုင်နိုင်ဖြည့်နေရတယ်” ဟု သူက ဆိုသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် ဘုရားသုံးဆူမြို့ ဒေသအတွင်း အဓိက လှုပ်ရှားနေသည့် နဂါးနီ စစ်ကြောင်း၏ ဒုစစ်ကြောင်းမှူး ကိုဟိန်းကလည်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှု မရှိသလောက် နည်းပါးနေကြောင်း အတည်ပြုသည်။

“စစ်ကြောင်းတော့ သွားတာရှိတယ်။ ရိက္ခာပို့ ဘာပို့အတွက်ပေါ့၊ တောတိုးပြီးတော့ ပုန်းလျှိုးကွယ်လျှိုးပဲ သွားကြတာ၊ ထိုးစစ်က မရှိတော့တာကြာပြီ၊ သူတို့ ခံစစ်စခန်းကုန်းမှာပဲ ခံစစ်ကို အသေအချာ ပြင်ဆင်နေကြတယ်” ဟု သူက ပြောသည်။ ဒုစစ်ကြောင်းမှူး ကိုဟိန်းသည် စစ်ကောင်စီတပ်တွင် ဒုတိယဗိုလ် အဆင့်ဖြင့် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး စစ်အာဏာသိမ်းပြီး ၂ လကျော်အကြာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်လာခဲ့ကာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေသူလည်း ဖြစ်သည်။

ယခုအခါ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး ရုံးများ တပ်ရင်းဌာနချုပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ ယင်းအပြင် ရှေ့တန်းအခြေစိုက်စခန်းများသို့ လူ သူ လက်နက် အင်အား ပို့ဆောင်သည့် စစ်ကောင်စီ ယာဉ်တန်းများကို မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။စစ်ကောင်စီတပ်ကလည်း ရွာချင်းဆက်လမ်းများ၊ မြို့အဝင် လမ်းများကို ဖျက်ဆီးကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်နေသည်။ အခိုင်အမာ ခံစစ်စခန်းများကို တော်လှန်ရေးအင်အားစုများ ဝင်တိုက်စေရန် စစ်မြူနေခြင်း ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“အင်အား အလုံးအရင်း သုံးစေချင်လို့ စကစ (စစ်ကောင်စီ) က စစ်မြူလိုက်တာပဲ ဆိုတော့ကာ အင်အား အလုံးအရင်း ထုတ်သုံးရင် သူတို့မှာ Backup Plan(နောက်ထပ်အစီအစဉ်) ရှိနေနိုင်တယ်။ မတိုက်လို့လည်း မရပြန်ဘူး၊ ဒီတော့ သူတို့ကို ယောင်ပြတိုက်ပေးနေရမယ်။ ဒါဆိုရင် သူတို့ စစ်ပန်းမယ်၊ စိတ်ဓါတ်ကျမယ်” ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ မြန်မာပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားမှုတွင် တော်လှန်ရေးအင်အားစုကို ဦးဆောင်နေသူမှာ KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA) ဖြစ်သည်။ အလားတူ ကော်ဘရာ၊ ကျားသစ်နက်၊ ကျားဖြူ၊ နဂါးဖြူ၊ ဒေါန၊ နဂါးနီ၊ တောင်ညို စသည်တို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လမ်းညွှန်မှုအောက်ရှိ PDF စစ်ကြောင်းများ ဖြစ်သည်။

English Version:

The Military Council has Transformed into a Defensive force in Karen State:

Local resistance groups said that the military council’s ground offensive in Karen State, which has been fighting fiercely since the coup, has slowed down since May and turned into a defensive position. From January to April 2023, there were more than 1,600 clashes in all areas where the Karen National Union (KNU) operates, but in May, there were only 31 clashes, according to the KNU’s statements.

KNU Brigade 6 Dupalaya District Secretary Pado Sawlistan said that the military council soldiers are now only in the camp where they are stationed. “There is a crazy fire around the whole country, and while making defensive preparations, one kind of air, He threatened to shoot with a large weapon and prepared as long as he had time,” he said.

KNU Brigade 6 control area in Dupalaya District, Myawadi, Karen State. cockroach Lu Inn Pier It includes townships such as Three Temples and Mon State Ye Township. These areas have been the scene of intense fighting with the army for 2 years. Battalions under the 44th Division in Karen State. There are battalions under the command headquarters of the battlefield based in Tanintharyi Division (13 Division).

Battles in Myawwady Three-story Bay Area; Battles in Wally region In addition to the battles that took place on the Asia Highway between Kokkraet and Myawady, There were many casualties on the part of the military council in the three pagoda areas. The KNU announced on May 11 that more than 1,700 military council soldiers were killed and more than 1,100 wounded in the three months of fighting from January to April.

CDM Captain Zin Yew, who has been in the military for nearly 20 years, said that the army’s depleted force could not be replenished in time, and the military council, which is facing armed rebellion across the country, is changing its tactics. Capt. Zin Yeo said that they are using the strategy of war by preparing the defenses of the settlement hills.

“In many places, the offensive has decreased; The main thing is that the position is being adjusted from offensive to defensive. Many road and bridge gates were removed, I have to say that they are trying to make PDFs come to their place so that they don’t get lost. In addition, it can be said that their remaining strength can no longer be strategically undermined,” he said.

The National Unity Government NUG released on May 28 the basic document on defense, saying that the strength of the Military Council Army has been significantly reduced. It is stated that the strength of one battalion was 857, but now there are only between 170 and 200. Captain Zin Ye also said that the military council army’s ground operations force is decreasing. Those killed and wounded during the battle; Citing information sources within the military, he said that there are a large number of people absent without permission.

“In the past, the combat infantry could be divided into two columns. “Now we can fill a battalion even with a column,” he said. Kohin, the deputy commander of the Red Dragon Regiment, which is mainly active in the Karen State’s Kirin Peygyi Township and Boh Trisu City area, confirmed that the military council’s offensive was almost non-existent.

“The column has gone. Why send food? Then they went to hide and hide, The offensive has been gone for a long time. “They are carefully preparing their defense at their defensive camp,” he said. Deputy Sergeant Kohin served as a second lieutenant in the Military Council Army and joined the civil disobedience movement CDM more than 2 months after the coup d’état and fought back against the military council.

Now, the joint revolutionary forces attack the administrative offices under the military council in the township of Kyin Peygyi. In addition, military convoys transporting personnel and weapons to front-line bases are often intercepted and attacked. The army of the military council also said that the village-to-village roads Destroying the entrance roads to the city and preparing a strong defense. CDM Capt. Zin Yeo concluded that it is possible that the rebel forces are preparing to attack the strong defensive positions.

“Because they want to use massive force, the Saka (Military Council) started the war, so if they use massive force, they might have a backup plan (next plan). I can’t fight again, So you have to give them an illusion. Then they will be tired, The morale will drop,” said Captain Zin Yew.

Leading the revolutionary forces in the military campaign in southern Burma is the Karen National Liberation Army (KNLA) of the KNU. Similarly, the cobra black leopard white tiger white dragon Wormwood red dragon Taung Nyo etc. are PDF columns under the guidance of the National Unity Government NUG.

Source: Myanmar Now

English Translation: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *