July 1, 2023 || Tongsan Media Group ||

Burmese Version:

ဂျပန်နိုင်ငံက ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာလုပ်သား ၄၀၀ ကျော် ထပ်မံခေါ်ယူထားတယ်လို့ တိုကျိုမြို့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန် ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ကမ်းလှမ်းလာတဲ့ မြန်မာလုပ်သား ၄၀၀ ကျော်အတွက် အလုပ်ခေါ်စာတွေကို ဇွန် ၁၆ ရက်ကနေ ၃၀ ရက်အတွင်း စိစစ်ထားတဲ့ အလုပ်ကမ်းလှမ်းစာ ၂၉၃ ခု ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ကမ်းလှမ်းထားတဲ့ စက်ရုံ၊ ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင် တည်ထောင်ထားတာ ရှိ/မရှိနဲ့ စာရွက် စာတမ်း အထောက်အထားတွေကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်တွေကို နိုင်ငံခြားရေး ဝန်ကြီးဌာန ကတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပြန်လည်ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း ဂျပန်နိုင်ငံက မြန်မာလုပ်သား တစ်ထောင်ကျော်ကို ခေါ်ယူမယ့် အလုပ်ကမ်းလှမ်း စာ ၃၅၀ ကျော် ပေးပို့ခဲ့တယ်လို့လည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလကလည်း ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁၈၀၀ ကျော်ကို ခေါ်ယူမယ့် အလုပ်ကမ်းလှမ်းစာ ၅၅၀ ကျော် ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။

Zokam Version:

Japan gamah Nasem ding Kawlgam mi 400 val Kisambeh

Japan gamah Company nasem ding Kawlgam mi 400 val kisam kik cih thu Tokyo khuapi a om Myanmar Embassy te’n June 30, 2023 ni-in pulakna nei uh hi. Japan gam tawh kisai Myanmar Embassy tungtawn in Kawlgam mi nasem ding mi 400 val ading nasem dinga sapna lai (Job Invitation letter) abeisa June 16-30 ni sung tengin etcianna leh nasem ding ngetna lai (Invitation letter) kipia cih kiza hi.

Nasem dingin a sam setzung (Industry) leh Company te pen Japan gamah Kumpi theihpihna tawh kiphutkhia taktak / taktaklo cih akisam laite akisittel khitteh gamdang lam zumpi (Ministry of Foreign Affairs) tungtawn in, nasem zumpi (Ministry of Labor ) ah kikhaksawn cih kiza hi.

Abeisa June 15, 2023 ni-in zong Japan gamah Kawlgammi nasem 1000 val sapna ding ngetna lai 350 val khak uh cih thu Japan gam tawh kisai Myanmar Embassy ten tangko uh hi. Tua banah abeisa May kha sungin zong Japan gamin Kawlgam nasem mi 1800 val sapna ding ngetna lai 550 val khak ta cih kiza hi.

English Version:

More than 400 Myanmar workers were invited from Japan

The Myanmar Embassy in Japan announced on June 30 that it has recruited more than 400 Myanmar workers to work for companies in Japan. It is reported that 293 job offers were verified between June 16 and 30 for more than 400 Burmese workers who were offered to the Myanmar Embassy in Japan.

The factory where the job is offered It is also reported that the companies have been verified as to whether or not they are legally established in Japan, and the findings and comments have been sent back to the Ministry of Labor through the Ministry of Foreign Affairs.

Last June 15th, Japan sent more than 350 job offers to recruit more than a thousand Myanmar workers, the Myanmar Embassy in Japan also announced. In addition, last May, Japan sent more than 550 job offers to recruit more than 1,800 Myanmar workers.

Source: One News

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *