June 27, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး သေဆုံးပြီး ‌ခြောက်ဦး ဒဏ်ရာရရှိထားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ညောင်ကုန်းရွာကို ယနေ့ ဇွန်လ ၂၇ရက် ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားခြင်းဟု သိရသည်။ ” လောလောဆယ် အလောင်းရှစ်လောင်းတွေ့ပါတယ်။ ရှစ်လောင်းထဲမှာ ဘုန်းကြီးတစ်ပါးပါတယ်။ ဒလန်‌တွေက သတင်းအမှားပေးလို့ လာပစ်တဲ့သဘောပါ။ ဒီရွာမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး” ဦးဇော်ထက်ကပြောသည်။

‌စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို ထိမှန်ပျက်စီးကာ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသား ငါးဦး မီးလောင်သေဆုံးသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။ ဒဏ်ရာရသူ ခြောက်ဦးကိုလည်း အရေးပေါ်ဆေးကုသပေးနေရသည်ဟု ဆိုသည်။

” ကျနော်တို့ရွာပေါ်ကနေ ပတ်ပတ်ပြီး ပစ်တာ။ အရမ်းပြင်းတယ်”ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ယခုအခါ စစ်ကောင်စီက လေကြောင်းမှ နောက်ထပ် လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် ညောင်ကုန်းရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

English Version:

The Military Council bombarded with jet fighters 8 dead and 6 injured, including 1 monk

Sagaing Division U Zaw Hteet, the leader of the People’s Administration of Pale Township, said that eight people, including a monk, were killed and six were injured when the military council army bombed Nyaungon village in Pale Township with jet fighters.

On June 27, at around 3:30 p.m., the Military Council attacked Nyaungon village with a jet fighter and dropped two bombs. “At the moment, eight bodies have been found. One of the eight bodies is a monk. The Dalans came to shoot them because they gave wrong information. There is no military activity in this village,” said U Zaw Hteet.

Due to the military council’s aerial attack, the monastery and some houses were damaged, a monk was killed and two women, Pale Township People’s Administration confirmed that five men died in the fire. It is said that the six injured are receiving emergency medical treatment.

“We were shooting from the top of the village. It was very strong,” said a local resident of Ima Pin Township. It has been reported that residents of nearby villages, including Nyangon village, are fleeing to safety because the military council is afraid of another attack from the air.

Source: Mizzima News

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *