June 21, 2023 || Tongsan Media Group Inc. ||

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒေသခံများထဲမှ ၅ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီက သက်ဆိုင်ရာမိသားစုဝင်များထံ အကြောင်းကြားလာသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၇ က ညောင်ခါးရှည်ရဲစခန်းကို “နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်တိုက်စဉ် ရဲတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီလက်နက်ကိုင်တို့က အနီးအနားကျေးရွာများမှ ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ထိုအထဲတွင် ကျုံပါရွာမှ အသက် ၆၀ အရွယ် ဦးမြင့်သိန်းနှင့် ၅၀ ကျော်အရွယ် ဦးကျော်မြင့်သိန်း၊ ဘိုးစံပယ်ရွာမှ အသက် ၅၀ ကျော်အရွယ်များဖြစ်သော ဒေါ်တင်မျိုးခိုင်၊ ဦးဝင်းဇော်ဌေးနှင့် ဦးဆံရှည်တို့ သေဆုံးသွားသည်ဟု မေလနောက်ဆုံးပတ်တွင် ရဲက အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို ၅ ဦးထဲမှ ဦးကျော်မြင့်သိန်း၏ အလောင်းကိုသာ မိသားစုဝင်များက ကြည့်ခွင့်ရခဲ့ကြောင်း၊ ရုပ်အလောင်းအများစုကို ကြည့်ခွင့်မရသလို သေဆုံးရသည့် အကြောင်းရင်းကိုလည်း မသိရကြောင်း မိသားစုဝင်များကို ကိုးကား၍ ဝေါမြို့နယ်ပကဖအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဘယ်နေ့သေဆုံးတယ်ဆိုတာလည်း မသိရဘူး။ ကျော်မြင့်သိန်းဆိုတဲ့သူကိုပဲ အလောင်းတွေ့ရတာ။ ကျန်တဲ့သူတွေက မတွေ့ရဘူး။ သေပြီဆိုတာပဲ (ရဲက) အကြောင်းကြားတာ” ဟု သူက ဆိုသည်။

ဖမ်းဆီးခံထားရသူများအနက် ၁၀ ဦးခန့် ပြန်လွတ်လာကြောင်း၊ တရားရုံးပို့ခံရသူ ၈ ဦး ရှိပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း၊ ရဲစခန်းနှင့် ထောင်သို့ မရောက်ဘဲ ပျောက်နေသူတချို့လည်း ရှိကြောင်း ဝေါမြို့နယ်ပကဖအဖွဲ့က ဆိုသည်။ အကျဉ်းသားသေဆုံးမှုနှင့် ပတ်သက်ပြီး ရဲစခန်း၊ သက်ဆိုင်ရာ မိသားစုဝင်တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ဝေါမြို့အရှေ့ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်က အနီးရှိ ဘုရားပျိုရွာမှ ဒေသခံ ၁၃ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။ ဝေါမြို့နယ်သည် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ် စစ်တောင်းမြစ်အနောက်ဘက်ကမ်း ရန်ကုန်- မော်လမြိုင်လမ်းပေါ်တွင် တည်ရှိသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဟု NUG က ပြောခဲ့ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများနှင့် ထိစပ်နေသည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်များဖြစ်သည့် ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်ကြီးမြို့နယ်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာသည်။ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာမှုကြောင့် ဝေါမြို့နယ်အတွင်း စစ်ကောင်စီက လုံခြုံရေးကင်းပုန်းများ ချထားပြီး စစ်တောင်းမြစ်တစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်တချို့ကို ဖယ်ရှားကာ ခံစစ်ပုံစံမျိုး ပြင်ဆင်နေကြောင်း ဝေါမြို့နယ်ပကဖဘက်က ဆိုသည်။

“ဝေါက မွန်ပြည်နယ်နဲ့ဆို စစ်တောင်းမြစ်ခြားတယ်။ KNU နဲ့ နီးတော့ မြစ်ကိုဖြတ်ပြီးဝင်လာမှာ စိုးလို့ ဝေါကို အနီရောင်အဆင့် သတ်မှတ်ပြီး ခံစစ်ပြင်ထားကြတယ်၊ စစ်တောင်းမြစ်ရိုးတစ်လျှောက်မှာ ကင်းပုန်းတွေ၊ လုံခြုံရေးတွေ ချထားတယ်” ဟု ပကဖတာဝန်ရှိသူက ပြောသည်။ ယမန်နှစ် နှစ်ကုန်မှ စတင်ကာ ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လှုပ်ရှားမှုများ စိပ်လာပြီး တိုက်ပွဲများ၊ ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားနေသည်။

English Version:

5 People Arrested by the Army died in Interrogation:

Bago, The military council has informed the relevant family members that 5 of the residents who were arrested and interrogated in connection with the attack on the Nyaung Kha Shi police station in Wau Township have died. Last April 27, a policeman was killed when the People’s Defense Forces (PDF) of Wau Township stormed the Nyang Kha Shi Police Station as “Operation Nang Htait Aung”. After two were wounded, the military council armed forces arrested and interrogated around 30 local residents from nearby villages.

Among them, 60-year-old U Myint Thein and over 50-year-old U Kyaw Myint Thein from Kyungpa village. Daw Tin Myo Khaing, who is over 50 years old from Busabe village, The police informed that U Win Zaw Htay and U Kheung Nung died in the last week of May.

Of the 5, only U Kyaw Myint Thein’s body was allowed to be seen by the family members. Most of the bodies are not allowed to be seen and the cause of death is not known, said the spokesman of the Wau Township PDFs group, quoting family members. “We don’t know what day he died. Kyaw Myint Thein’s body was found. The rest are not seen. (The police) informed me that he was dead,” he said.

About 10 of those arrested have been released. 8 people were sent to court and 5 died. There are some missing people who did not go to the police station or jail, according to the Wau Township PDF group. Regarding the death of the prisoner, the police station Myanmar has not yet been able to contact the relevant family members. At the end of last February, revolutionary groups stormed the Military Council checkpoint east of Wau, and the army arrested and interrogated 13 local residents from the nearby village of Bayar Phyu. Wau Township is located on the Yangon-Mawlamyaing road on the west bank of the Sittaung River, bordering Bago Division and Mon State.

After the NUG said that it would intensify its military operations in 2023, Kyuakthu Township in Mon State, which borders the territories of the Karen National Union (KNU), The townships in the eastern part of Bago such as Shwe Kyin, Nyaung Lay Bin Heavy fighting broke out in Kyaukgyi Township. Due to the widening of the fighting area, the Military Council has set up security checkpoints in War Township and removed some of the homes of the local residents along the Sittaung River, and is preparing a form of defense, according to the Wau Township PDF.

“Wo is separated from Mon State by the Sittaung River. Because they were close to KNU and came across the river, they set the wall at a red level and prepared their defenses. along the Sittaung River Security has been put in place,” said a PDFs official. Since the end of last year, the activities of the People’s Defense Force (PDF) have intensified in the eastern and western parts of Baguio. Exposures are occurring frequently.

Source: Myanmar Now

Translated: Tongsan Media Admin Team

Hits: 1

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *