July 22, 2023 || Tongsan Media Group ||

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၁၁ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သွားကြောင်း ယင်းမာပင်အခြေစိုက် ဗိုလ်ထွန်းတောက်-BTT LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်းမှ ထွက် လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းမှ ကျေးရွာအတွင်းသို့ တိတ်တဆိတ်ဝင်ရောက် ကာ လုံခြုံရေးစောင့်နေသူ ကျေးရွာကာကွယ်ရေး ရဲဘော် ၃ ဦးကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခဲ့ ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းသို့ တိတ်တဆိတ် ဆက်လက်ဝင်ရောက်ခဲ့ကာ ပြည်သူများ ကို ဖမ်း ဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“၁၄ လောင်းလုံးတော့မတွေ့သေးဘူး၊ ကင်းစောင့်တဲ့သူ ၃ ယောက်ကို အရင်ခေါင်းဖြတ်သတ်ပြီး ကျန်တဲ့ ပြည်သူတွေကို ဆက်ဖမ်းသတ်သွားတာ၊ ဘာတိုက်ပွဲမှလည်းမရှိဘူး၊ ရွာထဲကို တိတ်တဆိတ်ဝင်ပြီး ဖမ်း သတ်သွားတာ၊ သေနတ် ၂ ချက် ၃ ချက်ဖောက်သံတော့ ကြားလိုက်တယ်၊ ရွာထဲကနေ ထွက်ပြေးတဲ့သူ တွေကလည်း ထွက်ပြေးသွားနေကြတာ၊ အခုက သေတဲ့အလောင်းတွေပဲ အတည်ပြုလို့ရသေးတယ်၊ ဖမ်းသွားတဲ့သူတွေ ဘယ်နှစ်ယောက်လည်းဆိုတာ မသိရသေးဘူး၊ ရွှေတောင်ဦးကုန်းကို ဖမ်းခေါ်သွား တာ၊ အခုဆိုရင် ရွှေတောင်ဦးကုန်းကနေ မြောက်ဘက်ကိုလက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု ယင်းမာပင် အခြေစိုက် ဗိုလ်ထွန်းတောက်-BTT LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ စုန်ချောင်းကျေးရွာသည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်မြသက်ဦး၏ ကျေးရွာတစ်ရွာ ဖြစ်ပြီး ယခုနှစ်မတ်လ အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ဗိုလ်ချုပ် မြသက်ဦးကို ရာထူးမှ ထုတ်ပယ်ကာ မိသားစုဝင်များကို တခြားတနေရာသို့ ခေါ်ထုတ်သွားကြောင်း၊ အ ကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အောင်ဇေယျကုန်းနှင့် တစ်မိုင်ခန့်သာဝေးသည့် ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း သိရသည်။

Source: People’s Spring

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *