June 22, 2023 || Tongsan Media Group ||

စစ်​ကောင်စီထိန်းချုပ်ထား​သော ဘဏ်နှစ်ဘဏ်ကို အ​မေရီကန်အစိုးရက အ​ရေးယူဒဏ်ခတ်​သော​နေ့တွင်ပင် စစ်​ကောင်စီ၏ ဗဟိုဘဏ်ကဘဏ်များတွင် နိုင်ငံခြား​ငွေ​ရောင်းဝယ်မှုကို အနီးကပ်စောင့်ကြည့်ထိန်းချုပ်ထား​သော ညွန်ကြားချက်တစ်​စောင်ကို ထုတ်ပြန်လိုက်သည်။ စစ်​ကောင်စီ၏ ဗဟိုဘဏ်က “နိုင်ငံခြား​ငွေ​ကြေး​ဈေးကွက်အတွင်း ဘဏ်နှင့် Customer အကြား ၊ Customer အချင်းချင်းအကြားအ​ရောင်းအဝယ်များကို online ဖြင့် မြန်မာနိုင်ငံတာ်ဗဟိုဘဏ် သို့တင်ပြ​ရောင်းဝယ်ရန် ကိစ္စ”ဟု​ခေါင်းစဥ်တပ်ထားပြီး ​ဒေါ်လာ​ရောင်းဝယ်မှုကို စစ်​ကောင်စီက အလုံးစုံထိန်းချုပ်ကန့်သတ်ထား​သော ညွန်ကြားချက်ကိုဇွန် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် ​ဒေါ်လာ​ရောင်းလိုသူ ၊ဝယ်လိုသူ ၊ဘာ​ကြောင့်​ရောင်းလို၊ဝယ်လိုခြင်းအ​ကြောင်းပြချက် ၊​ဈေးနှင့် ​ရောင်းဝယ်လို​သောပမာဏ ၊​ဝင်​​ငွေရလမ်း ၊ကုမ္ပဏီအ​ထောက်အထားစသဖြင့်အ​သေးစိတ် အချက်အလက်များစီစစ်​တောင်းခံ​စေပြီး အချက် ​၉ ချက်ပါ​သော ညွန်ကြားချက်ဖြင့် ထိန်းချုပ်ကန့်သတ်ရန်ကြိုးစား​ထားသည်ကို​တွေ့ရသည်။နိုင်ငံခြားငွေအရောင်းအဝယ်များကို စစ်ကောင်စီက အွန်လိုင်းရောင်းဝယ်မှုစနစ်ဖြင့် ကြီးကြပ်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

နိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရဘဏ်များသည်နံနက် ၁၀နာရီမှ ၁၁နာရီခွဲအကြားတွင် ဘဏ်နှင့် ဒေါ်လာဝယ်ယူမည့်လုပ်ငန်းရှင်များအကြားရောင်းဝယ်ရန် စီစဉ်ထားသည့် အရောင်းအဝယ်များ ၊ ဝယ်/ရောင်းလိုသည့် ကုမ္ပဏီစာရင်းကို ပူးတွဲပေးပို့ရမည်ဟုဆိုသည်။ဝယ်ယူလိုသည့်ကုမ္ပဏီဖြစ်စေ၊ ရောင်းချလိုသည့် ကုမ္ပဏီဖြစ်စေလုပ်ငန်းအမျိုးအစား၊ ဝင်ငွေရလမ်း၊​ရောင်းဝယ်လို​သောပမာဏ ၊​ဈေးနှုန်း ၊ဝယ်လိုသည့်အ​ကြောင်းပြချကများကို ဘဏ်များကမှန်ကန်​အောင်စစ်ဆေးရမည်ဟုလည်းဆိုသည်။

ထိုစာရင်းများကို ပုဂ္ဂလိကဘဏ်များကစစ်​ဆေးပြီး နံနက် ၁၁ နာရီ ​နောက်ဆုံးထားပို့ရမည်ဖြစ်ကာ ၊အရောင်းအဝယ်ပြုလုပ်ရမည့် ပမာဏ၊ ငွေလဲနှုန်းများကို စစ်​ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များနှင့်ညှိနှိုင်း ဆုံးဖြတ်မည်ဟုပါရှိသည်။ ထို​နောက်တွင်မှ ​ရောင်းဝယ်ရမည်ပမာဏများကို စစ်ကောင်စီဗဟိုဘဏ်က နေ့လယ် ၁နာရီတွင် အကြောင်းပြန်မည်ဟုဆိုသည်။ ဗဟိုဘဏ်က ဆုံးဖြတ်ပေးသည့် အရောင်းအဝယ်များကို သာဘဏ်များက ဝန်ဆောင်မှုပေးရမည်ဟုဆိုသည်။ ထို​ကြောင့် ​​ဒေါ်လာ​ရောင်းဝယ်မှု လုပ်ငန်းစဥ်တစ်ခုလုံးကို စစ်​ကောင်စီက အ​သေးစိပ်​စောင့်ကြည့်ပြီး ​ဆုံးဖြတ်ချက်ကိုလည်း စစ်​ကောင်စီဗဟိုဘဏ်ကပင်ချမည်ဖြစ်၍ စစ်​ကောင်စီ ခွင့်မပြုလျှင် အ​ရောင်းအဝယ်လုပ်မရအာင်ကန့်သတ်ထားခြင်းပင်ဖြစ်သည်။

“ဒါဟာ ဒေါ်လာလိုအပ်ချက်ကို ထိန်းချုပ်ဖို့ စစ်အုပ်စုက ကြိုးစားနေတာပဲ။ ဒီလုပ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုခက်ခဲကုန်တာပဲရှိမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခင်ကပြည်တွင်း ပုဂ္ဂလိကဘဏ်များအနေဖြင့် ကုန်သည်နှင့် လုပ်ငန်းရှင်များကိုဒေါ်လာရောင်းချရာတွင် ရောင်းချပြီးမှ စာရင်းကို ဗဟိုဘဏ်ကိုတင်ပြရခြင်းဖြစ်သည်။ ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ပြင်ပတွင် ​ဒေါ်လာဘယ်ဈး​​ပေါက်​နေသည်ဖြစ်​စေ တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် စစ်​ကောင်စီသတ်မှတ်ထား​သောဘဏ်များကို မဖြစ်မ​နေရောင်းချရခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင်ဘဏ်စာရင်းဖွင့်၍ ၆၅ ရာခိုင်နှုန်းကို မဖြစ်မ​နေ ၂၁၀၀ ကျပ်ဖြင့်ရာင်းချ​ပေးခဲ့ကြရသည်။ ဇွန် ၂၁ ရက်တွင် အ​မေရီကန်အစိုးရက MFTB နှင့် MICB ဘဏ်တိုကို ဒဏ်ခတ်အ​ရေးယူလိုက်သဖြင့် ပုဂ္ဂလိက ဘဏ်များကို ​ဒေါ်လာ​အ​ရောင်းအဝယ်ပြုလုပ်ရာတွင်လိုက်နာရန်အ​သေးစိတ် အချက်အလက်များထုတ်ပြန်လာခြင်းဖြစ်ပြီး အ​မေရီကန်အစိုးရ၏ ပိတ်ဆို့မှု​ကြောင့် စစ်​ကောင်စီက ယခုကဲသို့လုပ်လာခြင်းဖြစ်​ကြောင်း လုပ်ငန်းရှင်များက​ပြောသည်။

စစ်​ကောင်စီက ဇွန် ၂၁ ရက်မှာပင် အ​မေရီကန်၏ ပိတ်ဆို့အ​ရေးယူမှုမှာ MFTB နှင့် MICB တို့သည် အ​မေရီကန်ဘဏ်များတွင် ​ငွေစာရင်းမဖွင့်ထား၍ ​ငွေ​ကြေးဆုံးရှုံးမှုမရှိဘဲ ၊ပြည်သူများအ​နေဖြင့် အဆိုပါဘဏ် ၂ ခုတွင် ယုံကြည်စွာဘဏ်လုပ်ငန်းများ​ဆောင်ရွက်နိုင်သည်ဟုထုတ်ပြန်ခဲ့​သေးသည်။ထိုအပြင် နိုင်ငံခြား​ငွေ အ​ရောင်းအဝယ်ကို ထိုဘဏ်များသာမက ပုဂ္ဂလိကဘဏ်နှင့်နိုင်ငံခြားဘဏ်ခွဲများကလည်း​ဆောင်ရွက်သည်ဟုထုတ်ပြန်သည်။ထိုသိူ့ထုတ်ပြန်ပြီး နိုင်ငံခြား​ငွေ​ရောင်းဝယ်မှုကို အလုံးစုံထိန်းချုပ်​သောညွန်ကြားချက်ကိုလည်းတစ်ပြိုင်နက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို​ကြောင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီဘဏ်နှစ်ခု ဒဏ်ခတ်ပိတ်ဆို့ခံရတာ စစ်ကောင်စီအတွက် အရှိုက်ထိုးခံထိတာပဲ၊ ဒါကို ဘာမဖြစ်သလို ဟန်ဆောင်ပြီး ပြောနေပါစေ သိတဲ့သူတွေကသူတို့ အထိနာတာသိတယ်”ဟုသုံးသပ်​ပြောကြားသည်။

အ​မေရီကန်နိုင်ငံခြား​ရေးဝန်ကြီးဌာနက”အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၄င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များအတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ်နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အများကို ပံ့ပိုးပေးခဲ့ကြပါသည်”ဟုထို ၂ ဘဏ်ကိုအ​ရေးယူရသည့်အ​ကြောင်းရင်းကိုထုတ်ပြန်သည်။

အ​မေရီကန်၏ အ​ရေးယူဒဏ်ခတ်မှုပြီး​နောက်တစ်ရက်တွင်ပြင်ပ​ဈေးကွက်၌ ​ဒေါ်လာနှင့်​ရွှေ​ဈေးများတက်လာသည်။ ​ဒေါ်လာ​ဈေးမှာ ပြင်ပ​ဈေးကွက်တွင် ၃၂၀၀ ကျပ်ခန့်နှင့် ​ရွှေ​ဈေးမှာ ၁၆ ပဲရည်တစ်ကျပ်သားကျပ် ၃၂ သိန်းဝန်းကျင်အထိတက်လာခဲ့ခြင်းဖြစ်သည်။

English Version:

The Military Council has Released Instructions to Control the Sale and Purchase of Foreign Currency in Banks

On the same day that the US government took action against two banks controlled by the Military Council, the Central Bank of the Military Council issued a directive to closely monitor and control foreign currency trading in banks.

The Central Bank of the Military Council said, “In the foreign currency market, between the bank and the customer, On June 21, the Military Council issued an instruction to limit the overall control of dollar trading, with the title “The issue of submitting customer-to-customer transactions online to the Central Bank of Myanmar.”

In the statement, the person who wants to sell dollars, who wants to buy, why they want to sell, the reason for wanting to buy, the price and the amount they want to trade, the way of earning, company information, etc. It is said that foreign currency transactions are supervised by the Military Council through the online trading system.

Banks authorized to trade in foreign currency between 10:00 and 11:30 in the morning are scheduled to trade between the bank and the entrepreneurs who will buy dollars. It is said that the list of companies that want to buy/sell must be attached. Whether the company that wants to buy or The type of company or business you want to sell. He also said that the banks must verify the way of income, the amount they want to sell, the price, and the reasons they want to buy.

The accounts must be checked by private banks and sent by 11:00 a.m. The amount to be transacted, The exchange rates will be determined by the Central Bank of the Military Council in consultation with private banks. After that, the Central Bank of the Military Council will respond to the amount to be traded at 1:00 p.m.

It is said that banks should only provide services for transactions decided by the central bank. Therefore, the entire process of dollar trading is closely monitored by the Military Council, and the decision will be made by the Central Bank of the Military Council, so if the Military Council does not allow it, the transaction will be restricted.

“This is the regime’s attempt to control the demand for dollars. Because of this action, businesses will be more difficult,” said a businessman. In the past, local private banks sold dollars to traders and entrepreneurs and had to submit the list to the central bank. Exporters have to sell 65 percent of their export revenue to banks designated by the Military Council at 2,100 kyat per dollar regardless of the dollar price outside.

Import and export businesses had to open a bank account at the Myanmar Foreign Trade Bank (MFTB) and pay 65 percent of the required 2,100 kyat. On June 21, the American government took punitive measures against MFTB and MICB Bank, and detailed information was released for private banks to follow in dollar transactions.

On June 21, the Military Council announced that the American embargo action is that MFTB and MICB do not open accounts in American banks, and without financial loss, they can conduct banking activities with confidence in these 2 banks as citizens. In addition, foreign currency transactions are not only carried out by these banks, but also by private banks and foreign bank branches. It was announced that it was carried out. With that announcement, the instruction that controls the overall foreign currency trading was also released at the same time. As a result, a businessman said, “These two banks being sanctioned is a blow to the military council.” No matter what they pretend to say, those who know know what they are hurting,” he said.

The US Department of State said, “The MFTB and MICB are organizations used by the dictatorial organization to facilitate the use of foreign currency in the purchase of military equipment from overseas for the Ministry of Defense.” These banks used their foreign bank accounts to easily connect the state-owned businesses that finance Myanmar’s taxes to the international market, thus providing a large amount of financial resources that the authoritarian organization could exploit for military purposes.

A day after the American sanctions, the dollar and gold prices rose in the foreign market. The dollar price rose to around 3,200 kyats in the foreign market and the gold price rose from 16 kyats to around 32,000 kyats per kyat.

Source: People’s Spring

Translated: Tongsan Media Admin Team

Hits: 11

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *