June 27, 2023 || Tongsan Media Group ||

မြန်မာနဲ့ နယ်ချင်းဆက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း လူများစု မဏိပူ ခေါ် ကသည်းလူမျိုးတွေနဲ့ ခရစ်ယာန်ကွတ်ကီးမျိုးနွယ်စုအကြား လူမျိုးရေးအကြမ်းဖက်မှုတွေကို ဖြေလျှော့နိုင်ဖို့ လူမျိုးကွဲအုပ်စုတွေ အကြား တွေ့ဆုံဆွေးနွေးကြစေရေးအတွက် အိန္ဒိယ ထိပ်ပိုင်းအစိုး၇တာဝန်ရှိသူတွေက မဏိပူ အာဏာပိုင်တွေကို ဖိအားပေးနေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ မဏိပူ အစည်းအဝေးတခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် အခုလို တိုက်တွန်းချက်ဖြစ်လာတာပါ။

အာဏာရ BJP ပါတီ အနိုင်ရထားတဲ့ မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်လအတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁၁၅ ဦးထက် မနည်းသေဆုံးပြီး ၃၀၀ လောက် ထိခိုက်ဒဏ်ရရခဲ့ပါတယ်။ လူမျိုးစုတွေအကြား ကြုံနေရတဲ့ အကျပ်အတည်းကို လူသိရှင်ကြား ဆွေးနွေးပြောဆိုမှုတွေမလုပ်တဲ့အပေါ် ဝန်ကြီးချုပ် Modi ဝေဖန်ခံနေရတာပါ။ သူဟာ အမေရိကန်နဲ့ အီဂျစ်တို့ကနေ ပြန်ရောက်ပြီး နာရီပိုင်းအတွင်းမှာပဲ တနင်းလာနေ့ (June 25) က အဆင့်မြင့် အစိုးရအစည်းအဝေးခေါ်ယူခဲ့ပါတယ်။

မဏိပူရပြည်နယ်အတွင်း ပုံမှန်အခြေနေတွေ ပြန်ရောက်လာရေး ဆောင်ရွက်နေကြတာတွေနဲ့ပတ်သက်လို့ အငယ်တန်းဝန်ကြီးတွေက ဝန်ကြီးချုပ် Modi ကို ရှင်းပြကြပါတယ်။အဲဒီအစိုးရအစည်းအဝေးနောက် မှာတော့ သဘောထားကွဲလွဲနေကြတဲ့ ဒေသခံလူများစုကသည်းလူမျိုးတွေနဲ့ ကွတ်ကီးလူမှုအသိုင်းအဝိုင်း အကြား သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးဖို့ မဏိပူ ပြည်နယ်အစိုးရအာဏာပိုင်တွေကို ပြောလာတာပါ။

ပြီးခဲ့တဲ့ မေလ ၃ရက်နေ့ကတည်းကစလို့ မဏိပူရပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ မီးရှို့မှုတွေကြောင့် လူထောင်နဲ့ချီ အိုးအိမ်စွန့်ခွာပြေးကြရပါတယ်။ တိုင်းရင်းသားတွေက သူတို့နေထိုင်ရာ တောင်တန်းဒေသကို ပြည်နယ်အစိုးရက သစ်တောဧရိယာအဖြစ် သတ်မှတ်ပြဌာန်းပြီး ဘိုးဘွားပိုင် မြေတွေကို သိမ်းယူတာနဲ့ မဏိပူရ လူမျိုးတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ဆန္ဒပြရာကနေ အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာတာပါ။

ဒီလို ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးနောက်မှာ ကသည်းလူမျိုး အများစုနေထိုင်ရာ အင်ဖားမြို့မှာ ကွတ်ကီးတိုင်းရင်းသားလူမျိုးအချို့ရဲ့ ဘုရားကျောင်းတွေနဲ့ နေအိမ်အချို့ မီးရှို့တာတွေ၊ ခဲနဲ့ပေါက်တာတွေ ဖြစ်ခဲ့ပြီးနောက်မှာ မိုးရေးနဲ့ ကြူရာကျန်ပူ (Churachandpur) စတဲ့ မြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်ပွားလာပြီး ကသည်းလူမျိုးတွေရဲ့ နေအိမ်တွေ မီးရှိုခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

English Version:

Manipura Conflict, the Central Government Pressured to Discuss between Ethnic groups

In India’s Manipur state, which borders Myanmar and India, seven top government officials are pressuring the Manipur authorities to hold talks between the ethnic groups in order to ease ethnic violence between the majority Manipur people and the Christian Kuki- Zomi tribe. The call came after Indian Prime Minister Narendra Modi chaired a meeting in Manipur.

At least 115 people have been killed and 300 injured in the last two months of violence in the state of Manipur, where the ruling BJP party won. Prime Minister Modi has been criticized for not having a public discussion about the crisis facing the ethnic groups. He convened a high-level cabinet meeting on Tuesday (June 25) within hours of his return from the US and Egypt.

The junior ministers explained to Prime Minister Modi that they are working to restore normalcy in Manipur state. After the cabinet meeting, they told the Manipur state government authorities to discuss with all stakeholders between the local majority Meitei (Katee) and Kuki communities who are at odds.

Since last May 3, thousands of people have fled their homes due to terrorist attacks and arson in Manipur state. The ethnic groups protested against the state government’s designation of the mountainous area where they live as a forest area, confiscation of their ancestral lands and the identification of the Manipur people as an ethnic group, resulting in mutual violent attacks.

After these protests, churches and homes of some Kuki ethnic groups were burned down in Imphar, where most of the Meitei (Katee) people live. After the pelting with stones, riots broke out in cities such as More and Churachandpur, and local residents said that houses of the Meitei (Katee) people were set on fire.

Source: VOA Burmese

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *