June 22, 2023 || Tongsan Media Group ||

အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းက စတင် အသုံးပြုလာပြီ ဆိုတာနဲ့ လိုအပ်သလို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ရုရှား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက ရန်သူ့ လေကြောင်း စိုးမိုးနိုင်စွမ်း သာလွန်မှုကို တန်ပြန်ဖို့အတွက် F-16 တိုက်လေယာဉ်တွေကို အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ အခုအခါ ဥရောပ နိုင်ငံတချို့က သူတို့ရဲ့ F-16တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေကြပါပြီ။

အမေရိကန်ကတော့ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေရဲ့ အစီအမံတွေကို လက်ခံကြောင်း ပြောကြားထားပါတယ်။ လောလောဆယ်မှာ ဥရောပ နိုင်ငံတချို့ဟာ ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေနဲ့ အကျွမ်းတဝင် ရှိစေရေး လေ့ကျင့်ပေးဖို့ ဆွေးနွေးနေပါတယ်။ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးပြီး လေယာဉ်တွေကို အမှန်တကယ် တိုက်ပွဲဝင်နိုင်တဲ့ အနေအထားမျိုးနဲ့ ယူကရိန်းဆီ လွှဲပေးမယ့် အဆင့်ထိဆိုရင် နောက်ထပ် လအတော်ကြာ အချိန်ယူရမယ့် သဘောမျိုး ရှိနေပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ယူကရိန်းဆီ F-16တွေ လွှဲပြောင်းပေးကြဖို့ ကြံစည်နေကြတဲ့ ကိစ္စကို ရုရှားက အလေးအနက် စောင့်ကြည့်နေကြောင်း သတိပေးပါတယ်။ F-16တွေဟာ နျူကလီးယား လက်နက်တွေပါ တင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်တယ်ဆိုတဲ့ အရှိတရားကို ရုရှားက မျက်ကွယ် ပြုထားမှာ မဟုတ်ကြောင်း၊ ဒီတော့ ယူကရိန်းစီမှာ F-16တွေ စသုံးပြီ ဆိုတာနဲ့ ရုရှားကလည်း စစ်ရေးအရရော၊ မဟာဗျူဟာ ရှုထောင့်ကပါ ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

လက်ရှိ အချိန်ထိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ F-16တွေ ပို့ဆောင်မှာ မဟုတ်ဘူးလို့ ခေါင်းမာမာနဲ့ ဆက်လက် ငြင်းဆန်နေပေမယ့် မူဝါဒ အပြောင်းအလဲ တစ်ခုခု ဖြစ်လာတာနဲ့ အသင့်ဖြစ်နေအောင် အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ F-16တွေကို ဆက်လက် မှာယူခြင်း မရှိတော့ပေမယ့်လည်း Lockheed Martin အနေနဲ့ တခြား ပြည်ပ နိုင်ငံတွေအတွက် အဲဒီ ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ်တွေကို ဆက်လက် တည်ဆောက် ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။

English Version:

Russia Threatens to Respond Harshly once Ukraine starts Using F-16 Fighter Jets

The U.S. will not provide fighter jets to Ukraine itself, but has said it accepts the plans of its European allies. Currently, some European countries are discussing training Ukrainian pilots to familiarize them with F-16s. It will likely take several more months to train the pilots and get the aircraft to the point where they are actually ready for combat.

Russian Foreign Minister Sergey Lavrov has warned that Russia is seriously monitoring the issue of plans to transfer F-16s to Ukraine. Russia will not turn a blind eye to the fact that F-16s can carry nuclear weapons and fight. So, Ukraine has started using F-16s, and Russia, both militarily and Lavrov said that there will be a clear response from the strategic point of view.

Until now, US President Joe Biden has stubbornly refused to deliver F-16s to Ukraine, but Lockheed Martin, the US aviation technology conglomerate, has said that it is prepared to be ready for any change in policy. Although the United States no longer orders F-16s, Lockheed Martin continues to build and manufacture the multipurpose light fighter for other foreign countries.

Source: People’s Spring

Translated: Tongsan Admin Team

Hits: 10

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *