June 28, 2023 || Tongsan Media Group ||

မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေကရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀၀) ကျော် ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားရောက်လှူဒါန်းဖို့အတွက် အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ဘောလုံး လက်ရွေးစင်အားကစားသမားဟောင်းတွေဟာ ဇွန်လ ၂၈ ရက် မနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုသွားရောက်တဲ့အဖွဲ့ဟာ အလှူငွေတွေလှူဒါန်းတာအပြင် မုန်တိုင်းဒဏ်သင့်ပြည်သူတွေနဲ့ ပြန်လည် ထူထောင် ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေအတွက် ဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီထောင့်ပံ့နိုင်ဖို့ ရုပ်ရှင်ဂီတသဘင် အနုပညာရှင်တွေနဲ့ ပဒေသာကပွဲကို ရန်ကုန်မြိုရဲ့ အနုပညာပြဇာတ်ရုံမှာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့တာဖြစ်ပြီး မိုခါမုန်တိုင်း သဘာဝဘေးအန္တရယ် ပြန် လည်ထူထောင်ရေး လေးပွင့်ဆိုင် ရန်ပုံငွေဘောလုံးပြိုင်ပွဲကိုလည်း သုဝဏ္ဏဘောလုံး အားကစားကွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Burmese Version:

Donated more than 2,000,000,000 Kyats to Rakhine

More than 2,000,000,000 Kyats donated from the fundraiser concerts for the people affected by the Mocha storm in Rakhine State, donate to Sittwe, artists, Professionals and former national football team athletes left Yangon International Airport on the morning of June 28, 2023 for Rakhine State. It is reported that he has left Sittwe.

He said that the visiting group will not only donate money, but also provide entertainment for people affected by the storm and those who are doing reconstruction work. In order to support the people affected by Typhoon Mocha, a dance event with film and music artists was held for 3 days at Yangon City’s Art Theater, and a football tournament to fund the recovery of Typhoon Mckha was also held at Thuwana Football Stadium in Yangon.

Source: One News Myanmar

Translated: Tongsan Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *