June 19, 2023 || Tongsan Media Group Inc. ||

အမေရိကန်နိုင်ငံခြားဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည် ထူထောင်ရန် ဘေဂျင်းမြို.တွင် ယမန်နေ့ (June 18, 2023) ကတွေ့ဆုံခဲ့ကြသည်။ မကြာသေးမီအချိန်က တရုတ်နိုင်ငံ အမေရိကန်ပိုင်နက်ပေါ်သို့ စေလွှတ်ခဲ့သည့် ထောက်လှမ်းရေးမိုးပျံပူပေါင်းဖြစ်စဥ်ကြောင့် တင်းမာနေသော တရုတ်အမေရိကန်ဆက်ဆံရေးသည် အဆိုးဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။

ဘလင်ကန်နှင့် ဝမ်ရိတို့တွေ့ဆုံမှုသည် ဘလင်ကန်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့တွေ့ဆုံမှုမတိုင်မှု ကနဦးတွေ့ဆုံမှုဟု ရှုမြင်ကြသည်။ ယခုတွေ့ဆုံမှုများမှတစ်ဆင့် တရုတ်နှင့် အမေရိကန်တို့ အဆင့်မြင့် သံတမန်ဆက်ဆံရေးကို ပုံမှန်ပြန်လည်ပြုလုပ်ရန်နှင့် ဝန်ကြီးအဆင့် အမေရိကန်အစိုးရတာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်နိုင်မည်ဟုလည်း ယူဆရသည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတို့သည် တရုတ်နိုင်ငံသို့ သတင်းထောက်များ၊ သုတေသီများနှင့် အမေရိကန်ကျောင်းသားများ ပိုမိုလွတ်လပ်စွာလာရောက်ခွင့်ရနိုင်ရေးအပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။ ယခုတွေ့ဆုံမှုဖြစ်ပေါ်လာရခြင်းသည် တရုတ်၏ စီးပွားရေးအကြပ်အတည်းအပါအဝင်၊ နိုဝင်ဘာတွင်ပြုလုပ်မည့် ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ရှီကျင်းပင် အနေဖြင့် အမေရိကန်တရုတ်ဆက်ဆံရေးကို ပြန်လည်ဖာထေးရန်ကြိုးပမ်းနေသည့်အချက်များနှင့် ဆက်စပ်နိုင်သည်ဟု ယူဆရသည်။

English Version:

The US Secretary of State met with the Chinese Foreign Minister in Beijing:

US Secretary of State Anthony Blinken and Chinese Foreign Minister Wang Yi met in Beijing yesterday (June 18, 2023) to restore bilateral relations. The strained Sino-US relations have reached an all-time low due to the recent spy drones sent by China into US territory.

The meeting between Blinkan and Wenri is seen as the first meeting between Blinkan and Chinese President Xi Jinping. It is also believed that through these meetings, high-level diplomatic relations between China and the United States will be normalized, and ministerial-level US government officials will be able to visit China.

The two Foreign Ministers went to China as reporters, Researchers and American students have discussed many issues, including more freedom to visit. The reason for this meeting is China’s economic crisis. It is believed to be related to Xi’s efforts to mend US-China relations ahead of the world leaders’ summit in November.

Source: Myanmar Now

Translated: Tongsan Media Admin Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *