June 13, 2023 || Tongsan Media Group Inc. ||

အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရမြို့ တီအိုချောင်းတောင်ထိပ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ ရိ-တီးတိန်နယ်စပ်လမ်းပေါ်သွားနေတဲ့ အရပ်သားမော်တော်ယာဉ်များကို ပစ်ခတ်လို့ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိတယ်လို့သတင်းရရှိပါတယ်။ မနေ့ ဇွန်လ ၁၂ ရက်တွင် ရိနယ်စပ်ဂိတ်ကနေ တီးတိန်မြို့ဘက်ဆင်းသွားတဲ့ ကုန်တင်ယာဉ်တစ်စီးကို ပစ်ခတ်လို့ ယာဉ်မောင်းတစ်ဦး ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရရှိပါတယ်။ ဒါကြောင့် မည်သည့်မော်တော်ယာဉ်မှ မဖြတ်သန်းရဲတာကြောင့် ခရီးသည်များသောင်တင်နေကြတယ်လို့သိရတယ်။ယနေ့ ဇွန် ၁၃ ရက်တွင် ရိနယ်စပ်ဂိတ်ကနေ ၁၀ ဘီးကားတစ်စီး ပြန်ဆင်းရာ ယင်းမော်တော်ယာဉ်ကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပြန်လှည့်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ယနေ့တွင် ခရီးသည်တင် ဒေသခေါ် ပေါင်မုန့်ကားများတော့ ဖြတ်သန်းလို့ရပေမယ့် ကုန်တင်ယာဉ်တွေတော့ မသွားရဲကြပါ။ အခုလို မော်တော်ယာဉ်များပစ်ခတ်တာဟာ ရိခေါ်ဒါရ်တပ်စခန်းက စစ်ကောင်စီတပ်သား ၃ ဦးထွက်ပြေးတာကြောင့်လို့သိရပေမယ့် အတည်ပြုလို့မရသေးပါ။ ဇွန်လ ၄ ရက်ကလည်း စစ်ကောင်စီတပ်သား ၂ ဦး သေနတ်တစ်လက်နဲ့အတူထွက်ပြေးကာ CNDF တပ်ဖွဲ့က ဖမ်းဆီးထိန်းထားပါတယ်။

English Version:

One person was injured when the military council troops stationed at the top of the Tio River on the India-Myanmar border shot at a car.

Falam Township, India-Myanmar border it is reported that a driver was injured when a military council station at the top of Tio River, mountain in Rihkhawdar fired at civilian vehicles traveling on the Rih- Tedim border road. Yesterday, on June 12, a truck driver was injured in the left arm after shooting at a truck going down from the Rih-border gate to Tedim town. Therefore, it is known that passengers are stranded because no vehicle dares to pass. Today, on June 13, when a 10-wheeled vehicle was returning from the Rih border gate, it was reported that the military council shot at the vehicle and turned it back.

Today, passenger local bread cars can pass, but trucks do not. It is known that the shooting of the vehicles was due to the escape of 3 military council soldiers from the Rih khawdar camp, but it has not yet been confirmed. On June 4th, 2 soldiers of the military council ran away with a gun and were arrested by the CNDF.

Posted: Tongsan Media Team

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *