June 30, 2023 || Tongsan Media Group ||

Zokam Version:

Mizoram State ah Galtai Chin Mipite Laisimbu omloh manin Pilsinna ah Haksatna tuak

Zogam (Chin State) ah ukna buluh (SAC)te’ ngongtatna hangin, mipite’n inn le lo nusia in, Mizo gamah Zomi(Chin) tampitak galtai in om uh hi. Galtai sangnaupang pilsinna ah laibute kisampha mahmah hi cih thu laihilh siama khatin gen hi. Galkap kumpi in ukna a lakzawh Zogam (Chin State) ah lei lam pan ahi a, vanleng tawh ahi zongin nasia takin Chin state sung ciang dong do uh hi.

Tua hi a, Paletwa lam a om i sanggamte pen abeisa 2022 kum lai pek akipan Mizoram State ah galtai in a paito uh ci hi. Tua galtaite in tuni ciang dong huhna apia kipawlna khat peuhpeuh tawh kizopkhakna nei nai vetlo uh ahih manin, naupangte laisinnah ah a kisam lai simbute nei zolo uh hi ci-in lai hilh sia khatin Media semte’ tungah gen hi. “A kisam pha diak pen ahih leh sangnaupangte le laihilh sia/siamahte zat ding laisim bute ahi hi. Laihilhte a dingin baih het lo hi.

”Sia/ siamahte khasum ding zong kisam lua hi” ci-in gen hi. Tulaitak laisin tang lang pan tan 8 ciang sangnaupang 150 kiim pha in, laihilh sia mi 11 pha cih kiza hi. Tua galtai sangnaupangte pen Mizo gam Lawngtai Distrect sunga khua 3 pan ci hi. A innkuanpihte in ahih leh nitha tawh sum thalawh in nuntak hamsa mahmah hi cih laihilh sia khat in gen hi. Lai hilh siate in kha khat in Rupees 400 – 500 kiim bek kingah ahih manin hamsa mahmah ung ci-in tua lai hilhsia pa in gen beh lai hi.

Burmese Verse:

မီဇိုရမ်ပြည်နယ်သို့ ချင်းစစ်ရှောင်ကလေးများ ပညာသင်ကြားရေးအတွက် အခက်ကြုံနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိုက်ပွဲတိမ်းရှောင်နေသည့် စစ်ရှောင်ကလေးသူငယ်များ၏ ပညာရေးသင်ကြားရန်အတွက် ကျောင်းသုံးစာအုပ်များ အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ချင်းပြည်နယ်သို့ မြေပြင်စစ်ကြောင်းထိုး၍သာမက လေကြောင်းများဖြင့်ပါ မကြာခဏ ပစ်ခတ်လျက်ရှိသဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူတို့သည် ၂၀၂၂ ခုနှစ် အစောပိုင်းကပင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်ခဲ့ကြသည်။

အဆိုပါ စစ်ရှောင်ကလေးသူငယ်များထံသို့ မည်သည့် ကူညီရေးအဖွဲ့အစည်းမှ ရောက်ရှိခြင်း မရှိသည့်အတွက် ယခုအခါ ကလေးသူငယ်များနှင့် စာသင်ကြားနေသည့် ဆရာ၊ ဆရာမများမှာ ကျောင်းသုံးပုံနှိပ်စာအုပ်များပင် ခက်ခဲလျက်ရှိသည်ဟု ကျောင်းဆရာတစ်ဦးက သံလွင်ခက်ကို ပြောသည်။ “အဓိက အခက်အခဲကတော့ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ် အဓိက လိုအပ်နေတာ။ စာသင်တဲ့ချိန် စာအုပ်မရှိဘူး။ သင်ရတဲ့ ဆရာ၊ ဆရာမတွေလည်း သင်ရတာ မလွယ်ဘူးပေါ့၊ ဆရာ၊ ဆရာမတွေအတွက်လည်း ထောက်ပံ့ကြေးအနေနဲ့ပေါ့ လခတွေလည်း လိုအပ်နေတာ” ဟုပြောသည်။

ယခုအခါ ပညာသင်ကြားနေသည့် ကလေးသူငယ်များမှာ သူငယ်တန်းအဆင့်မှ အဌမတန်း အလယ်တန်းအဆင့်ထိ ကျောင်းသူ၊ ကျောင်းသား လူဦးရေ ၁၅၀ ဦးခန့်ရှိပြီး ကျောင်းဆရာ၊ ဆရာမ ၁၁ ဦးက ပညာသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ အဆိုပါ စစ်ရှောင်ကလေးသူငယ်များသည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင်ရှိသည့် သီတလန်ပွီးကျေးရွာ၊ စုတလန်ပွီးကျေးရွာနှင့် ကော်ဆော်ကျေးရွာတို့တွင် တိုက်ပွဲတိမ်းရှောင်လျက်ရှိပြီး ၎င်းတို့ မိသားစုဝင်များသည်လည်း နေ့စားလုပ်ကိုင်၍ ရှာဖွေစားသောက်နေရသဖြင့် စားဝတ်နေရေးလည်း ခက်ခဲလျက်ရှိသည်ဟု အဆိုပါ ကျောင်းဆရာက ပြောသည်။

ကလေးသူငယ်များကို ပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများသည် တစ်လလျှင် အိန္ဒိယငွေ ရူပီး ၄၀၀ မှ ၅၀၀ (ကျပ် ငါးသောင်းဝန်းကျင်)သာရရှိကြသဖြင့် ဆရာ၊ ဆရာမများ၏ စားဝတ်နေရေးမှာလည်း အလွန်ပင် ခက်ခဲလျက်ရှိသည်ဟု အဆိုပါ ကျောင်းဆရာက သံလွင်ခက်ကို ပြောသည်။

English Version:

Children fleeing to Mizoram are Facing Difficulties in Getting their Education

Chin State A school teacher said that there is an urgent need for textbooks for the education of children fleeing the war from Palatwa township to Mizoram state in India. After the military coup, the military council troops not only entered Chin State on the ground, but also fired frequently from airstrikes, so the local people of Paletwa Township, Chin State, started fighting against India as early as 2022. They fled to Mizoram. Since no aid organization has reached these war fleeing children, the teachers who are now teaching with the children. A teacher told Salwin Gek that it is difficult for teachers to even use school textbooks.

“The main difficulty is that students, students and teachers The main need for school textbooks for teachers. There are no books when studying. The teacher you get Teachers are also not easy to learn. teacher, We also need salaries for teachers as a subsidy,” he said. The children who are currently studying are students from Kindergarten level to eighth grade middle school level. There are about 150 students and teachers. It is reported that 11 teachers are teaching.

These war fleeing children are from Suhtlangpui village in Longtlai district of Mizoram state. The school teacher said that they are fleeing the fighting in Suhtlangpui village and Kosaw village, and their family members are also working day jobs and finding food, so it is difficult for them to make ends meet. Teachers teaching children Teachers earn only 400 to 500 Indian rupees (around fifty thousand kyats) per month. The teacher said that the teachers’ livelihood is also very difficult.

Source: Than Lwin Khet

Translation: Tongsan Media Group

Hits: 0

Byadmin

Leave a Reply

Your email address will not be published. Required fields are marked *