ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် မေလ ၁၈ ရက်နေ့မှ စ၍ ကလေးမြို့မှတဆင့် စစ်ကောင်စီတပ်က အင်အား ၅၀၀ ကျော်အသုံးပြုကာ ချင်းပြည် နယ်သို့ ထိုးစစ်ဆင်လာသဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တီးတိန်မြို့နယ်၊ စီယင်းဒေသမှ ခုခံတိုက်ခိုက်လျက်ရှိရာ မေလ ၂၁ ရက် နံနက် ၈ နာရီမှစတင်ပြီး ယနေ့မေလ ၂၃ ရက် နေ့အထိ တိုက်ပွဲပြင်းထန်နေကြောင်း CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ကိုဒီကီ က ပြော ကြားသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးနေသူများလည်းရှိကြောင်း သိရသည်။
“တိုက်ပွဲက မေလ ၂၁ ရက် မနက် ၈ နာရီကနေဖြစ်တာ၊ အခုထိပါပဲ၊ လေကြောင်းတော့ မသုံးဘူး။ အင်အားက ၅၀၀ ကျော်ရှိတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်၊ ထွက်ပြေးနေတဲ့ သူတွေလည်းရှိတယ်၊” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ကိုဒီကီ က ပြော ကြားသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို CDF CDM SIYIN ၊ PDF Zoland နှင့် CDF KKG တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်း စစ်ကောင်စီ စစ်ကြောင်းကြောင့် တီးတိန်မြို့နယ်၊ စီယင်းဒေသရှိ Mual pi ၊ Vomsem ၊ Thei Zamg ၊ Hiangzing စသည့်ကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် CDF CDM SIYIN က မေတ္တာရပ်ခံထားသည်သိရသည်။ “တရားသောစစ် အောင်ကို အောင်ရမှာဖြစ်တယ်၊ တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားကာ ကွယ်ခုခံနေပါတယ်၊ မိဘပြည်သူတွေအနေနဲ့ ဆုတောင်းကူပေးကြပါ” ဟု CDF CDM Siyin ပြောရေးဆိုခွင့်ရှိသူ ကိုဒီကီ ကပြောဆိုသည်။
အလားတူ တီးတိန်မြို့နယ်၊ စီယင်းဒေသ၊ Khaikam ကျေးရွာနှင့် Mualpi ကျေးရွာကြားတွင် ယင်းအကြမ်း ဖက်စစ် တပ် စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ CDF-CDM Siyin ဘက်မှ ရဲဘော်တစ်ဦး လူမျိုးနှင့် နိုင် ငံတော်အတွက် အသက်ပေးခဲ့ရကြောင်း၊ ထိုသို့ အသက်ပေးလှူသွားသည့် CDM- Siyin မိသာစုများ နှင့် ထပ်တူ ZO NATIONAL UNION / ZO ARMY မှ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း သတင်းထုတ်ပြန်ထားသည်။


Hits: 0