အီရန် အခေါင်အချုပ် အလီခါမီနီ၏ အနီးဆုံးလူလည်းဖြစ် အစ္စရေး ပထမတိုက်ခိုက်မှုအဖြစ် တီဟီရန်မြို့ကို တိုက်ခိုက်ရာ၌ သေဆုံးခဲ့သော စစ်ဦးစီးချုပ်နေရာတွင် အစားဝင်သည်မှာလည်း ရက်ပိုင်းသာရှိသေးသော အီရန် စစ်ဦးစီးချုပ်သစ် အလီရှက်ဒ်မာနီကို ထပ်မံ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိ အဖွဲ့မှ ဇွန် ၁၇ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် အီရန်နိုင်ငံအတွင်း စိမ့်ဝင်နေရာယူထားပြီးသော အထူးထောက်လှမ်းရေး တပ်ဖွဲ့များ၏ အားချင်း ပစ်မှတ်တွေ့ရှိခြင်းအခြေအနေအရ အစ္စရေးလေကြောင်း ကွပ်ကဲမှုဌာနတို့နှင့် ပူးပေါင်းပြီး အလီရှက်ဒ်မာနီ တည်ရှိရာနေရာကို အတိအကျသိရှိသဖြင့် ဖိုက်တာဂျက်လေယာဉ်များဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစ္စရေး၏ Operation of Rising Lion စစ်ဆင်ရေး ပထမဆုံးရက်အဖြစ် အီရန်ကို တိုက်ခိုက်ခဲ့မှုမှာပင် စစ်ဦးစီးချုပ် အလမ်းအလီရာရှစ်ဒ် သေဆုံးခဲ့ရပြီးနောက် အလီခါမီနီသည် ရှက်ဒ်မာနီကို လက်နက်ကိုင်တပ်ဖွဲ့ အရေးပေါ်ဌာနချုပ်နှင့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) တို့၏ အမြင့်ဆုံး စစ်ဦးစီးချုပ် ရာထူး ပေးအပ်ခဲ့ရာ ၄ ရက်အကြာမှာပင် ထပ်မံ ရှင်းလင်းခံရခြင်းဖြစ်သည်။

အစ္စရေးတိုက်ခိုက်မှုများသည့် အီရန် အထူးစစ်ခေါင်းဆောင်များကို ရက်ပိုင်းအတွင်း ရှင်းလင်းနိုင်ခဲ့ရာ၌ IRGC တပ်ချုပ် ဟော့ဆိန်းဆလာမီ၊ စစ်ဦးစီးချုပ် မိုဟာမက်ဘက်ဂ်ဟီရီ၊ IRGC စစ်ထောက်လှမ်းရေးအကြီးအကဲ မိုဟာမက် ကာဇီမီ အပါ အခြားသော စစ်ခေါင်းဆောင်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များပါ သေဆုံးခဲ့ရသည်။

ယခုတစ်ပတ်အစောပိုင်းကလည်း အီရန် အစိုးရမီဒီယာ IRNA သတင်းအေဂျင်စီက တီဟီရန်မြို့အတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများနှင့်တစ်ပြိုင်နက် ကားဗုံးပေါက်ကွဲမှု ၅ ခု ကြောင့် နျူကလီးယားသိပ္ပံပညာရှင်များစွာ သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သေးသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed