ပြီးခဲ့သည့်တစ်ပတ်က ကုလနျူကလီးယားစောင့်ကြည့်ရေးတာဝန်ရှိသူများက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်သည် နျူကလီးယားနှင့်ပတ်သက်သော လိုက်နာရမည့် တာဝန်များ လစ်ဟင်းခဲ့သည်ဟု ကြေညာပြီးနောက် အစ္စရေးနှင့် စစ်ပွဲတွင် အထိနာနေရသဖြင့် အီရန်ခေါင်းဆောင်များသည် အဏုမြူလက်နက်ကို အပူတပြင်း အပြီးတီထွင်ခိုင်းနေပြီး လူပေါင်းများစွာသေဆုံးစေမည့် တိုက်ခိုက်မှုလုပ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ထိုအခြေအနေတွင် အစ္စရေးစစ်ထောက်လှမ်းရေး မော့ဆက်အဖွဲ့ အကြီးအကဲဟောင်းတစ်ဦးက အမည်မဖော်ပြဘဲ ဗြိတိန် The Sun သတင်းဌာနသို့ အသိပေးပြောဆိုခဲ့ရာ အီရန်အနေဖြင့် အဏုမြူလက်နက် ပိုင်ဆိုင်မည်ဆိုသည်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားတင်ဆောင် နိုင်စွမ်းရှိ မဟာဗျူဟာ B-52 ဗုံးကြဲလေယာဉ်ဖြင့် အီရန်ကို ချေမှုန်းလိမ့်မည်ဟု သတိပေးပြောဆိုသွားခဲ့သည်။

သင်္ဘောများခြေရာခံ ဝက်ဘ်ဆိုက် Marine Traffic ဖော်ပြမှုတွင် အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် ပစ်ခတ်မှု ၄ ရက်မြောက်နေ့ ဇွန် ၁၆ ရက်မနက်၌ အမေရိကန်၏ ဒေါ်လာ ၄ . ၅ ဘီလီယံတန် လေယာဉ် တင်သင်္ဘောကြီး USS Nimitz သည် တောင်တရုတ်ပင်လယ်မှ အနောက်ဘက် အရှေ့အလယ်ပိုင်း ဒေသသို့ ဦးတည် ခုတ်မောင်းနေကြောင်းနှင့် ယခုတစ်ပတ် နှောင်းပိုင်း၌ ဒါနန်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ယင်း ၁၀၉၂ ပေရှည်သော သင်္ဘောကြီးပေါ်တွင် B-2 Spirit ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များ စွာတင်ဆောင်လာပြီး အရေးပေါ် အခြေအနေအရ အစ္စရေးနှင့်အီရန် စစ်ရေးဇုန်အနီး ခုတ်မောင်းလာ ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။ အီရန်သမ္မတမှ ဇွန် ၁၆ မနက်တွင် ၎င်းတို့သည် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးကို အလေးမထားဘဲ ပြည်သူ့အကျိုးအတွက် နျူကလီးယားဓာတ်အားပေးဝေမှုကိုသာ အဆင့်မြှင့်တင်တည်ဆောက်နေ ခြင်းဖြစ်ရာ ဓာတ်အားပေးမှုအတွက် မည်သည့်နိုင်ငံမျှ တားဆီးခွင့်မရှိဟု ပြောဆိုခဲ့သေးသည်။

သို့သော် အီရန်ခေါင်းဆောင်များသည် နျူကလီးယားဗုံးကို အမြန်ဆုံးအသုံးပြုနိုင်ရန် ဖိအားပေး တီထွင်နေသည် ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ယင်းမော့ဆက် အရာရှိဟောင်းက မည်သည့် အမေရိကန် သမ္မတကမှ အီရန်ကို နျူကလီးယားလက်နက် သို့မဟုတ် အဏုမြူဗုံး ပိုင်ဆိုင်မည်ကို လုံး၀ ခွင့်မပြုခဲ့သဖြင့် ဒေါ်နယ်ထရမ်သည်လည်း ၎င်းလက်ထက် အီရန် အဏုမြူလက်နက်ပိုင်ဆိုင်မည်ကို လုံး၀ ခွင့်ပြုမည်မဟုတ်ဘဲ ထိုသို့ အခြေအနေရှိလာလျှင် အီရန်အား ထရမ့်က ဖျက်အား အပြင်းဆုံးဖြစ်သော Stratofortress B-52 ဗုံးကြဲလေယာဉ်ကြီးဖြင့် အမှုန့်ချေလိမ့်မည်မှာ သေချာသည်ဟု သတိပေးပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed