ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး – CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောကြားသည်။

အောက်တိုဘာလ ၁၆ ရက် နံနက် ၃ နာရီမှ ၄ နာရီကြားတွင် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်း အတွင်းမှ အကျဉ်းသားများ ကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာ CNA ရဲဘော် ၂ ဦး ၊ CDF ရဲဘော် ၃ ဦးအပါအဝင် အကျဉ်းသား ၁၅ ဦး ကိုကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ လက် နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“CDF Hakha ကနေ ဦးဆောင်ပြီး အကျဉ်းသား ကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေး ဖော်‌ ဆောင်မှုပေါ့၊ CNA ရဲဘော် ၂ ဦး၊ CDF ရဲဘော် ၃ ဦးအပါအဝင် ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့တယ်။ စစ်ကောင်စီ ၆ ဦး ရှင်းနိုင်ခဲ့ ပြီး ၁၅ ဦးဒဏ်ရာရတယ်၊ လက်နက်လည်း ရခဲ့ပါတယ်။ CDF တော်လှန်ရေး ရဲဘော် တစ်ဦး ကျတယ်။ အကျဉ်း သားတွေကိုလည်း လုံခြုံတဲ့နေရာ ရောက်ကြပါပြီ” ဟု ချင်းအမျိုးသားတပ်ဦး (CNA) ပြောရေး ဆို ခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က မြို့တွင်း လုံခြုံရေးတင်းကျပ်ကာ ဟားခါး မြို့ပြင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ပစ်မှတ် ထားကာ ရည်ရွယ်ချက်ရှိ ရှိ တိုက်ခိုက်တတ်သော ကြောင့် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိဖြင့် နေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed