စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ခင်ဦးဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ပါ တပ်မ ၃၃ တပ်များကို ​PDF ပူးပေါင်း တော်လှန်​ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းစုဖွဲ့မှု ပျက်ပြီး စစ်ကြောင်းမှူးအပါ စစ်သား ၅၀ ဦး သေဆုံး၊ စစ်သုံ့ပန်း ၁၅ ဦးနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အတည်ပြုပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် ကန့်ဘလူမြို့ နယ်၊ ဝက်တိုးကျေးရွာ စစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၂ ဦးဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၃၃ လက်အောက်ခံ ခလရ (၁၁၁) စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာအနီးတွင် တော် လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲမှာ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၅၀ ဦးသေဆုံးကြောင်း၊ စစ်သုံ့ပန်း ၁၅ ဦးကို လက်နက်ခဲယမ်းမျိုးစုံ ၂၀ ခန့် နှင့်အတူ ဖမ်း ဆီးရရှိထားကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊ အမှတ် (၂၅)တပ်ရင်း(တန့်ဆည်) ကာဘိုးတိုက်နယ် ပကဖ၊ ကျောက်တိုင် ပကဖ၊ ရေဦးမြို့နယ် ဓူဝံအဖွဲ့၊ ခင်ဦး ပကဖ၊ PDF ၊ ပလဖ စုဖွဲ့တပ်ခွဲနဲ့ တော်လှန်ရေးအင်အားစု​တွေကပူးပေါင်းပြီး ကြားဖျတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်စစ်​ကြောင်း သေဆုံးထိခိုက်တာတွေ များခဲ့လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ Gyrocopter သုံးစီးနဲ့ ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ ခင်ဦး-ကန့်ဘလူနယ်စပ်မှာ ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး အထိအခိုက်မရှိပါဘူး” လို့​ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်စစ်​ကြောင်းဟာ ​သေဆုံး ဒဏ်ရာရသူ၊ အဖမ်းခံရသူ များပြားပြီး စစ်​ကြောင်း တစ်​ကြောင်းလုံးမှာ ၂၀ ​ခန့်သာ စခန်းချရာ​ နေရာပြန်​ရောက်တယ်လို့​ပြောပါတယ်။

အဲဒါကြောင့် ငါးရုံကြီး၊ ရှားတော၊ ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ သာဝတ္ထိ၊ မြင်းကျ၊ သရက်တော၊ ကင်းပြစ်၊ မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်ပင်စု၊ သက်သာပန်းတောင်းကျေးရွာတွေက ပြည်သူ ငါးထောင်ကျော်ထွက်ပြေးနေရတယ်လို့ အသိပေးပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့လို့သက်ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed