ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တီးတိန်မြို့ အဝင် ဆိုင်းဘုတ်အနီးမှာ တပ်စွဲထားသော စစ်အုပ်စုတပ်ရဲ့ ခလရ-၂၆၉ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့ တွေက နိုဝင်ဘာလ ၂၇ ရက် နံနက် ၈ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ PDF Zoland က ထုတ်ပြန်ပါတယ်။ စစ်အုပ်စုတပ်ဟာ တီးတိန်မြို့က ဒေသခံတွေရဲ့ မြို့အဝင်အထွက်ကို စောင့်ကြည့်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ချင်းညီနောင်တပ်ဖွဲ့က ပြန်လည်သိမ်းယူခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ စစ်ဆေးရေးဂိတ်ဟာ အိန္ဒိယ- မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းမကြီးနဲ့ တီးတိန်မြို့ အဝင်အထွက်ကို ထိန်းချုပ်နေတဲ့ စစ်အုပ်စု စစ်ဆေးရေးဂိတ် တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ် ။
ချင်းပြည်နယ်အတွင်းက ဖလမ်း၊ တီးတိန် ၊စစ်ကိုင်း ကလေး ၊မကွေး -ဂန့်ဂေါနယ်မြေတွေမှာ စစ်ကြောင်း ထိုးနေတဲ့ စစ်အုပ်စုကို ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNA/CNF ) တပ်ဖွဲ့ (CC) ၊Kalay RevolutionForce(KRF)၊ Ranger Kalay Defend Force (RKDF)၊ ချင်းညီနောင် တပ်ဖွဲ့ (CB)၊ Chin National Defense Force (CNDF) ၊ PDF Zoland တွေနဲ့ Vakok PDF၊ကျောင်းသားတပ်မတော် (ABSDF)၊ PDF ခရိုင်တပ်ရင်းတွေ၊ ပကဖတွေ၊ Yaw Defense Force (YDF)ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့စတဲ့ မဟာမိတ်တပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေအများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။




Hits: 0
