ချင်းပြည်နယ်၊ ဖလမ်းမြို့မှ အနောက်မြောက်ဘက် ၄ မိုင်ခန့်သာ ကွာဝေးသော ဆွန်းတလား (Sunthla) ကျေးရွာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် ၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၈ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကော်မရှင်သည် ဖလမ်း-ရိဒ်ခေါဒါရ် ကားလမ်းမပေါ်ရှိ အဆိုပါကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် နေအိမ်တလုံး လုံးဝပြိုပျက်သွားခဲ့ပြီး အနီးနားရှိ အခြားနေအိမ် ၄ လုံးလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သော်လည်း အရပ်သား ထိခိုက်သေဆုံးမှုမူ မရှိခဲ့ပေ။ ဖလမ်းမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၃ လခန့် ရှိပြီဖြစ်သည်။ မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့နှင့် နီးကပ်စွာ တည်ရှိသည့် ကျေးရွာများကိုပါ ပစ်မှတ်ထားကာ လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုလာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဝေဖန်ပြောဆိုသည်။

စစ်ကော်မရှင်တပ်သည် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း သီးဘွာလ်းကျေးရွာ တိုက်နယ်ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ယခုအခါ မြို့နှင့် အလွန်နီးကပ်သော ဆွန်းတလားရွာကိုပါ ဗုံးကြဲလာခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးအတွက် ပိုမိုစိုးရိမ်မကင်း ဖြစ်နေကြသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed